close

သစ်သားတံတား

close

May 28, 2021

မြင်းခြံ-တလုပ်လမ်းက သစ်သားတံတား မီးလောင်

မန္တလေးတိုင်း မြင်းခြံမြို့နယ် ၊  မြင်းခြံ -တလုပ်သွား ကားလမ်းက သာပေါင်းတံတား မေလ ၂၇ ရက် မနေ့ညက မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်းတံတား သစ်သားကြမ်းခင်းတချို့ မီးလောင်ကျွမ်းပျက်စီးသွားပြီး  အဆိုပါ မီးလောင်မှုဟာ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ zero  ပြောက်ကျားတပ်ဖွဲ့နဲ့ တခြားအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်မှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

11 mins Ago

December 14, 2019

ကျောက်ဖြူတွင် အမှိုက်ပုံမီးမှတဆင့် သစ်သားတံတား မီးလောင်၊ သွားလာရေး အခက်ကြုံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တောင်ရင်းကျေးရွာအုပ်စု တောင်ရင်းကျေးရွာ သုသာန်အနီးမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က  ကျောက်ဖြူမြို့မှ ထွက်ရှိတဲ့ စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းရာမှ ပေ ၆၀ အရှည် သစ်သားတံတား မီးလောင်ပျက်စီးသွားတဲ့အတွက် ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံနေရပါတယ်။ တံတားပျက်စီးသွားတဲ့အတွက် ယာယီတံတားတခု တည်ဆောက်ပေးသွားမယ်လို့ ကျောက်ဖြူမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးငြိမ်းချမ်းဇော်က ပြောပါတယ်။ “ပေ ၆၀ တံတားပါ၊ ပေ ၄၀ လောက် လောင်သွားတာပါ။ အခုကတော့ ဘေလီတံတားထိုးပေးဖို့ လုပ်နေပါပြီ၊ ဘေလီ သံဘောင်တွေ ဒီနေ့ညနေလောက်တော့ ရောက်မှာပါ၊ ကလေးတွေ ယာယီ ကျောင်းသွားလို့ရအောင် လမ်းဘေးမှာ ဝါးတံတား အရင်ထိုးပေးထားပါတယ်” လို့ ပြောပါတယ်။   တံတားမီးလောင်ကျွမ်းတာဟာ အနားမှာရှိတဲ့ စည်ပင်က စွန့်ပစ်တဲ့ အမှိုက်ပုံ မီးလောင်ရာကနေပြီးတော့ ကူးစက်လောင်ကျွမ်းခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ဆောက်ထားတဲ့ သစ်သားတံတားဖြစ်တာကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငါးသောင်းဖိုးလောက်ပဲ ရှိတယ်လို့ ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူလင်းက ပြောပါတယ်။  အဲဒီ သစ်သားတံတားဟာ ငလပွေ့ကျေးရွာကို သွားလာရာမှာ အသုံးပြုနေတဲ့ တံတားဖြစ်ပြီး တံတားတည်ဆောက်ထားတာ ကြာမြင့်နေပြီဖြစ်တာကြောင့် အသစ်တည်ဆောက်ဖို့ ကျောက်ဖြူမြို့ လမ်းဦးစီးဌာနအနေနဲ့ ဘတ်ဂျက် တင်ပြတောင်းခံထားကာ လာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာ တည်ဆောက်သွားနိုင်မယ်လို့ ကျောက်ဖြူမြို့နယ် လမ်းဦးစီးဌာနက သိရပါတယ်။
1 year Ago
Up