close

သတင်းထောက် ကိုထက်မြတ်သူ

close

October 19, 2021

ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် ကျိုက်ထိုသတင်းထောက် ပြန်လွတ်၊ သေနတ်ဒဏ်ရာကြောင့် လမ်းကောင်းစွာ မလျှောက်နိုင်

သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရပြီး ခြေထောက်ဒဏ်ရာရရှိခဲ့တဲ့ The Voice of Thanbyuzayat သတင်းဌာနရဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့  မိသားစုဝင်တွေက  ဒီဗွီဘီကို ပြောပါတယ်။

သတင်းထောက် ကိုထက်မြတ်သူဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျိုက်ထိုမြို့ စစ်အာဏာရှင် ဆန္ဒပြပွဲမှာ သတင်းဓာတ်ပုံရိုက်ကူး သတင်းယူနေစဉ် သေနတ်နဲ့  ပစ်ခတ်ဖမ်းဆီးခံရပါတယ်။

အဲဒီနောက်မှာ ကိုထက်မြတ်သူဟာ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ အမှုရင်ဆိုင်ခဲ့ရပါတယ်။

သတင်းထောက် ကိုထက်မြတ်သူဟာ ပြန်လည်လွတ်မြောက်လာပေမဲ့ ခြေထောက် ထုတ်ချင်းပေါက် သေနတ်ဒဏ်ရာကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်သေးဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သတင်းထောက် ကိုထက်မြတ်သူဟာ စစ်တပ် အာဏာသိမ်းယူပြီးနောက် မွန်ပြည်နယ်မှာ ပထမဦးဆုံး အမှုဖွင့်ခံရတဲ့ သတင်းထောက် တစ်ဦးလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီး အကျဉ်းသား ၁၃၁၆ ဦးနဲ့  တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်က စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။

16 seconds Ago
Up