close

သတင်း‌ထောက်

close

July 1, 2022

သတင်းထောက် အသတ်ခံရမှု အိုင်စီစီကို တင်ပြမည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနပြော

အယ်လ်ဂျာဇီးရား သတင်းဌာနဟာ ပါလက်စတိုင်း-အမေရိကန် သတင်းထောက် ရှီရင်းန် အဘူအက်ကလက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သည်ဟေ့ဂ်ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ကို တင်ပြသွားမယ်လို့ မန်နေးဂျင်းဒါရိုက်တာ Giles Trendle က ဇွန် ၃၀ ရက်မှာ ပြောပါတယ်။

ရှီရင်းန် အဘူအက်ကလက်ဟာ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျယ်နင်းမြို့မှာ မေ ၁၁ ရက်က အစ္စရေးစစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကို သတင်းယူနေချိန် ပစ်သတ်ခံခဲ့ရတာပါ။

“သူ ပစ်သတ်ခံရချိန်မှာ သူ့ကိုယ်သူ သတင်းထောက်တယောက်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ သတင်းသမားတယောက်ရဲ့ အကာအကွယ် အပြည့်အစုံကိုလည်း ဝတ်ဆင်ထားတယ်” လို့ Trendle က ပြောပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာ ဂျာနယ်လစ်တွေကို တိုက်ရိုက်တိုက်ခိုက်မှုတွေကနေ အကာအကွယ် ပေးထားကြောင်းနဲ့ ဒီစည်းမျဉ်းကို ချိုးဖောက်တာဟာ ဂျီနီဗာသဘောတူညီချက်တွေကို ဆိုးရွားစွာ ချိုးဖောက်တာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားတယောက်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိ ညွှန်ကြားတာဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ Rome Statute စာချုပ်အရ စစ်ရာဇဝတ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ဟာ မေလက အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေက အဘူအက်ကလက်ကို သတ်ခဲ့တဲ့ ကျည်ဆန်တွေကို ပစ်ခတ်ခဲ့ကြောင်း ပြသထားတဲ့ New York Times နဲ့ AP အပါအဝင် မီဒီယာအများအပြားနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးတို့က အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်မှာ ထွက်ရှိလာတာပါ။

ဒီအမှုတွဲဟာ ၂၀၂၁ ခုနှစ် မေလမှာ အစ္စရေးရဲ့ ဗုံးခွဲမှုနဲ့ ဂါဇာက အယ်လ်ဂျာဇီးယား ရုံးခန်းရှိရာ တာဝါအဆောက်အအုံ အလုံးစုံ ပျက်စီးသွားတာတွေ ပါဝင်နေပြီး ရှီရင်းန် အသတ်ခံရမှု မတိုင်ခင် ၁ နှစ်နီးပါးလောက်ကဖြစ်ကြောင်း Trendle က ကာတာနိုင်ငံ ဒိုဟာမြို့ကနေ ပြောပါတယ်။

အစ္စရေးရဲအရာရှိတွေက ဝမ်းနည်းပူဆွေးသူတွေကို စွဲချက်တင်လိုက်တာကနေ အဘူအက်ကလက်ရဲ့ ဈာပနမှာ ဖရိုဖရဲဖြစ်သွားကာ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း အရာရှိတွေဟာ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြပါတယ်။

1 min Ago
Up