close

သတိပေးသံ

close

September 18, 2021

တရုတ်နိုင်ငံက လေကြောင်းရန်ကာကွယ်ရေး သတိပေးသံ လွှင့်မည်

တရုတ်နိုင်ငံဘက်က ဒီနေ့မနက်ပိုင်းမှာ မိနစ် ၅၀ ကြာ လေကြောင်းရန်ကာကွယ်ရေး သတိပေးသံထုတ်လွှင့်မယ်လို့ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်နဲ့နမ့်ခမ်းက အုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးထားပါတယ်။

အဲ့ဒီလို အသိပေးသံ ထုတ်လွှင့်တာဟာ စီးပွားရေး၊ လူမှုရေးတည်ဆောက်မှု အစိတ်အပိုင်း ဖြစ်တဲ့အပြင် အမျိုးသားကာကွယ်ရေးပညာ လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့လည်း အကြောင်းကြားစာ မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဘက်က လေကြောင်းကာကွယ်ရေး အသိပေးသံကို ဒီကနေ့ မနက် ၁၀ နာရီကနေ ၁၀:၅၀ အချိန်ထိ ထုတ်လွှင့်မှာဖြစ်ပါတယ်။

6 mins Ago
Up