close

သတို့သားလောင်း

close

July 8, 2021

ပွင့်ဖြူမြို့နယ်၌ စစ်ကားဝင်တိုက်သဖြင့် အမျိုးသား ၁ ဦး အပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဇူလိုင် ၈ ရက် ဒီကနေ့မနက်  စစ်ကားတစ်စီးက ဝင်တိုက်လို့ ဆိုင်ကယ်စီးလာတဲ့ သတို့သားလောင်း တစ်ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မုန်းဇလဲကျေးရွာသား ကိုနိုင်လင်းဦးဟာ ဆိုင်ကယ်စီးလာစဉ် ရှောက်တောလမ်းဆုံ အရောက်မှာ စစ်ကားကဝင်တိုက်သွားတဲ့အတွက် ဒဏ်ရာအပြင်းထန်ရရှိကာ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဆိုက်ကယ်တိုက်ခံရတဲ့ ကိုနိုင်လင်းဦးရဲ့    ဒဏ်ရာပြင်းထန်းတဲ့အတွက် ပွင့်ဖြူဆေးရုံကနေ မကွေးဆေးရုံကို လွှဲပြောင်းပေးဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

ကိုနိုင်လင်းဦးဟာ မနက်ဖန် ဇူလိုင် ၉ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့ သတို့သားလောင်းလည်း ဖြစ်ပါတယ်။ 

စစ်ကားဟာ စလင်းမြို့ကနေ ပွင့်ဖြူမြို့ဘက်ကို လာတာမှာ ဝင်တိုက်သွားတာဖြစ်ပြီးတော့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

12 hours Ago

June 21, 2021

စဉ့်ကူးမြို့နယ်တွင် သတို့သားလောင်း ၁ ဦးကို စစ်တပ်က ပစ်သတ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်းမပေါ်ရှိ လက်ပန်လှကျေးရွာမှာ ဇွန်လ ၂၀ ရက် ည ၉ နာရီလောက်က ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ် ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့လို့  လက်ပံကျေးရွာနေ အသက် ၂၀ အရွယ်  မောင်ကျော်ကျော်မျိုး ကျည်ဆန်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မောင်ကျော်ကျော်မျိုးဟာ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့ သတို့သားလောင်း တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရက်က ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်ဖိတ်စာတွေ လိုက်ဝေနေခဲ့တာ ဖြစ်ပါတယ်။

3 weeks Ago
Up