စစ်ကောင်စီတပ်တွေအနေနဲ့ လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်နေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ပြီး သတ္တိရှိပါက PRA တပ်ဖွဲ့တွေကို နိုင်အောင်တိုက်ဖို့ ပြည်သူ့တော်လှန်ရေးတပ်မတော်က စိန်ခေါ်လိုက်ပါတယ်။
စစ်ကောင်စီတပ်များဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့တာတွေ လုပ်ဆောင်တာကြောင့် အခုလို စိန်ခေါ်လိုက်တာလို့ PFR တပ်ရဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လူမဆန်စွာ လုပ်ရပ်အပေါ် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ပြင်းထန်စွာ ရှုတ်ချကြောင်း၊ စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အေးချမ်းသာစံပြကျေးရွာက လက်နက်မဲ့ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ PRA တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဂျပန်ကြီးက ပြောပါတယ်။
“လက်နက်မဲ့သူကို အခုလို ဖမ်းဆီးသတ်ဖြတ်တာဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အနေနဲ့ ဒီလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ။ သတ္တိရှိရင် ကျနော်တို့အဖွဲ့တွေကို နိုင်အောင်တိုက်ပေါ့။ ကြွက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်က အောက်တန်းစား မိန်းမတွေရဲ့ လုပ်ရပ်ပါ။ မိန်းမတောင် မိန်းမကောင်းမဟုတ်ဘူးနော်။ အောက်တန်းစားမိန်းမဗျ။ ရိုင်းရိုင်းပြောရရင် ကြေးစားမိန်းမပေါ့ဗျာ။”
ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဟာ ပြည်သူက ပေါက်ဖွားလာတာဖြစ်တာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာသူမှန်သမျှအား ရတဲ့နည်းလမ်းနဲ့ တိုက်ခိုက်သွားမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူနဲ့ ကျေးရွာအတွင်းရှိ အိုးအိမ်ပစ္စည်းတွေကို နောက်နောင် လုံးဝ သတ်ဖြတ်၊ ဖျက်ဆီးတာတွေ မပြုလုပ်ဖို့ PRA က အပြင်းအထန်သတိပေးထားပါတယ်။
လွတ်လပ်သော၊ တရားမျှတသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်ကို ယုံကြည်သူအားလုံးရဲ့ မျှော်လင့်ချက်၊ ယုံကြည်မှုတွေကို ထောက်ပံ့ကူညီဖို့ အတူတကွရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံ တွေ ဖြစ်ကြတဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်၊ အမေရိကန်ပြည်ထောင်စုတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီမိုကရက်တစ်အခွင့်အရေး၊ လွတ်လပ်မှုတွေအတွက် ဆန္ဒပြရင်း ကလေးငယ်တွေအပါဝင် အများအပြား အသတ်ခံခဲ့ရသလို လူပေါင်းထောင်ချီပြီး ဒဏ်ရာရကြတာ အဖမ်းခံရတာတွေရှိကြောင်း သူတို့ရဲ့ သတ္တိနဲ့ဂုဏ်သိက္ခာတို့ကို ကျွန်ုလေးစားရိုကျိုးမိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ကို ရပ်တန့်ဖို့ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ရဖို့ ဒီမိုကရေစီ ကို ပြန်လည်ဖော်ဆောင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။