မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ ကွာဟွေလာပြည်နယ်မှာ ရေကြီးလို့ မြေအောက်မှာပိတ်မိနေတဲ့ သတ္ထုတွင်းလုပ်သား ၁၀ ယောက်ကို ကယ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ သြဂုတ် ၆ ရက်မှာ ဆက်ဆောင်ရွက်နေပါတယ်။
သတ္ထုတွင်းလုပ်သားတွေ သတ္ထုတူးနေတုန်း ဥမင်နံရံပြိုကျပြီး ရေတွင်းသုံးတွင်း ရေလျှံခဲ့ပြီးတဲ့ နောက် သြဂုတ် ၃ ရက် ကစပြီး မြေအောက်မှာ ပိတ်မိနေခဲ့တာပါ။
သြဂုတ် ၅ ရက်နေ့လယ်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေက တွင်းထဲက ရေတွေကို စုပ်ထုတ်နိုင်ခဲ့ပေမယ့် ကယ်ဆယ်ရေးသမားတွေကတော့ တွင်းထဲ မဝင်နိုင်သေး ပါဘူး။
မက္ကဆီကို အထူးတပ်ဖွဲ့က ရေငုပ်သမား ခြောက်ယောက်ကိုလည်း ကယ်ဆယ်ရေး အတွက် စေလွှတ်ခဲ့ပါတယ်။
တွင်းပြိုချိန် လူငါးယောက် ပြန်လွတ်လာခဲ့ပါတယ်။ ဒီသတ္တုတွင်းကို ဇန်နဝါရီလမှာ ဖွင့်လှစ်ခဲ့ပြီး ပုံမှန်မဟုတ်တဲ့ အမျိုးအစားအတွက် တိုင်ကြားစာ မှတ်တမ်းမရှိခဲ့ဘူးလို့ အလုပ်သမားဝန်ကြီးဌာန က ပြောပါတယ်။