close

သတ်ခဲ့

close

September 9, 2021

အီသီယိုပီးယားသူပုန်များ ၂ ရက်အတွင်း အရပ်သား ၁၀၀ ကျော်ကို သတ်ခဲ့

အီသီယိုပီးယားနိုင်ငံမှာ တစ်ဂရေးဒေသက သူပုန်တွေက အမ်ဟာရာဒေသထဲက ရွာတရွာမှာ အရပ်သား အယောက် ၁၂၀ ကို ၂ ရက်အတွင်း သတ်ခဲ့တယ်လို့  ဒေသခံအရာရှိတွေက ရိုက်တာ သတင်းဌာနကို စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။

ဒါဘတ်မြို့ကနေ ၆ မိုင်ဝေးတဲ့ ရွာမှာ စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေက သတ်ခဲ့တာလို့ ဒါဘတ်မြို့ အုပ်ချုပ်ရေးမှူးနဲ့ ဂွန်ဒါမြို့ ပြောခွင့်ရတို့က ပြောပါတယ်။

တစ်ဂရေးတပ်ကတော့ အမ်ဟာရာဒေသန္တရအစိုးရရဲ့ စွပ်စွဲချက်လို့ ပြောရင်း ငြင်းဆိုပယ်ချတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အရပ်သားတွေကို သတ်ဖြတ်မှုမှာ ဘယ်လို ပါဝင်ပတ်သက်မှုမှ မရှိဘူးလို့လည်း ငြင်းပါတယ်။

ဒါဟာ တစ်ဂရေးတပ်တွေက အမ်ဟာရာပိုင်နက်ကို သိမ်းပိုက်အပြီး အရပ်သား သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ပထမဆုံးအစီရင်ခံစာ ဖြစ်လာပါတယ်။ တစ်ဂရေးတပ်တွေက စီးနင်းချိန်က စပြီး ဒေသတွင်းက ပြည်သူ ထောင်သောင်းချီဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

အလောင်း ၁၂၀ ကို ပြန်ရထားကာ အားလုံးအပြစ်ကင်းတဲ့ လယ်သမားတွေဖြစ်ပြီး တကယ်သေဆုံးတဲ့ အရေအတွက် ပိုများနိုင်တဲ့အပြင် ပျောက်နေတဲ့ သူတွေ ရှိသေးတယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ပြောပါတယ်။

ရွာသင်္ချိုင်းကို သွားကြည့်ပြီးပြီ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း ပါတယ်လို့ ဂိုဒါမြို့ ပြောခွင့်ရက ပြောပါတယ်။

တစ်ဂရေးတပ်တွေ အဲဒီဒေသထဲမှာ အချိန်တိုလေး ရှိနေချိန်မှာ သတ်ဖြတ်တာတွေ ဖြစ်ခဲ့တာ ဖြစ်ပြီး ခုတော့ ဒီဒေသဟာ အီသီယိုပီးယား ပြည်ထောင်စုတပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရောက်နေ ပြီလို့ သူက ဆက်ပြောပါတယ်။

အခြေအနေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။  တစ်ဂရေးသူပုန်တပ်ကတော့ ဒေသတွင်း ရက်စက်ယုတ်မာမှု အားလုံးကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့ ကြေညာချက် ထုတ်ပြန် ဆော်သြ ထားပါတယ်။

ရွာသားတွေက တစ်ဂရေးတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဂွန်ဒါမြို့အစိုးရက ရိုက်တာ သတင်းဌာနဆီပေးပို့တဲ့ ရုပ်သံ လူတွေ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။

တစ်ဂရေး သူပုန်တပ်နဲ့ တိုက်ပွဲမှာ ပူးပေါင်းဖို့ အီသီယိုပီးယားအစိုးရက ပြည်သူတွေကို အရင်လက တိုက်တွန်းခဲ့ပါတယ်။

13 mins Ago

November 20, 2020

အထူးတပ်ဖွဲ့ဝင်များကအာဖဂန်ရှိအကျဉ်းသားနှင့်အရပ်သားအချို့ကို သတ်ခဲ့ဟု သြစတြေးလျပြော

အာဖဂန်နစ္စတန်နိုင်ငံအတွင်း သြစတြေးလျအထူးတပ်ဖွဲ့ဝင် တချို့က  အကျဉ်းသား၊ လယ်သမားနဲ့ တခြားအရပ်သား ၃၉ ယောက်ကို  သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ယုံကြည်လောက်ဖွယ် အထောက်အထား တွေ့ရတယ်လို့  ဗိုလ်ချုပ်ကြီး အန်းဂတ်စ်-ဂျွန်ကမ့်ဘဲက နိုဝင်ဘာ ၁၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။  ၂၀၀၅ကနေ ၂၀၁၆ ကာလအတွင်း လက်နက်မဲ့ အမျိုးသားတွေနဲ့ ကလေးတွေကို သြစတြေးလျတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အာဖဂန်ဒေသမီဒီယာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရက ၂၀၁၆ ခုနှစ်မှာ စုံစမ်းရေး ပြုလုပ်ခဲ့ပါတယ်။  စုံစမ်းရေးအစီရင်ခံစာအရ တိုက်ပွဲပြင်ပမှာ  သြစတြေးလျ အထူးတပ်ဖွဲ့ဝင် ၂၅ ယောက်က လူ ၃၉ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေ့ရတယ်လို့ ဗိုလ်ချုပ်ကြီး ကမ့်ဘဲက ဆိုပါတယ်။  ဗိုလ်ချုပ်ကြီး ကမ့်ဘဲက အာဖဂန်ပြည်သူတွေကို ဝန်ချတောင်းပန်ခဲ့ပြီး  သတ်ဖြတ်မှု အတွက် သံသယရှိသူတွေကို မကြာခင်ခန့်အပ်မယ့် သြစတြေးလျအထူးစုံစမ်းရေးမှူးထံ လွှဲအပ်ကာ တရားစွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားရှိ၊မရှိ ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။  သြစတြေးလျဟာ အမေရိကန်ရဲ့ အခိုင်အမာ မဟာမိတ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်စလို့  အာဖဂန်မှာ တပ်ဖွဲ့ဝင်တွေ ထားရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။   
10 months Ago
Up