close

သတ်ခံရ

close

May 2, 2022

အမရပူရမြို့နယ်တွင် အန်အယ်လ်ဒီ စည်းရုံးရေးမှူး ၁ ဦးအသတ်ခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာနဲ့ မှန်တန်းကွက်သစ် ကပ်ကျော်ဘုရားကြားမှာ မေလ ၂ ရက် မနက်ပိုင်းက အမျိုးသား ရုပ်အလောင်း တွေ့ရှိခဲ့ပြီး သေဆုံးသူဟာ အမရပူရ အန်အယ်ဒီပါတီ စည်းရုံးရေးမှူး ဇော်ကြီးဖြစ်တယ်လို့ သွေးသောက် အမည်နဲ့ telegram လူမှုကွန်ယက်မှာ ရေးသားထားတာတွေ့ရပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်လောက် အရွယ်ရှိပြီး လက်နောက်ပြန် ကြိုးတုပ်ခံထားရကာ လည်ပင်းနဲ့ နံကြားတို့မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးရုပ်အလောင်းရဲ့ လည်ပင်းမှာ သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) စာသားပါအနီရောင် လည်ဆွဲ ကတ်တခု ချိတ်ထားတာကို တွေ့ရပါတယ်။

1 hour Ago
Up