ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကုန်းပဟာကျေးရွာမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသမီးငယ် တဦး မြက်ပုတ်ဆေးသောက်ကာ သတ်သေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိမ်းသော်ရွာအထက်တန်းကျောင်းက G-9 အတန်းမှာ တက်ရောက်နေသူ မအေးချမ်းသူ မိဘရဲ့ ဆိုဆုံးမမှုကို တလွဲအတွေးကောက်ပြီး မြက်ပုတ်ဆေးသောက်ကာ သတ်သေခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
ရွာခံ တဦးက “သူက ၉ တန်း ကျောင်းသူလေး။ မိဘက ကောင်းစေချင်လို့ နည်းနည်းဆူမိ လိုက်တာ။ သူ့စိတ်ထဲ ဘယ်လို တွေးသွားသလဲမသိဘူး။ ဗီဒီယိုတောင် သူ့ ကိုယ်သူ ရိုက်သွား တယ်။ မြက်ပုတ်ဆေးသောက်လိုက်တာ ၂ ခွက်တောင်။ သူ့မိဘတွေ ယူကျုံးမရဖြစ်ကြရတယ်။ သတိပြုစရာလည်း ကောင်းသလို အခုခေတ် ကလေးငယ်တွေကို ထိန်းသိမ်းတဲ့နေရာတွေမှာ မိဘဆရာတွေအနေနဲ့လည်း ခက်ခဲလာတယ်”လို့ ဆိုပါတယ်။
မြက်ပုတ်ဆေးသောက်ပြီးနောက် အမျိုးသမီးငယ်ကို တိမ်းတော်လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ မနက် ၁၁ နာရီလောက်က သေဆုံးသွားလို့ ရွာကို ပြန်သယ်ခဲ့ကြရတယ်လို့ လည်း သိရပါတယ်။
တောင်ကိုရီးယားလေတပ်က အမျိုးသမီးတပ်ကြပ်ကြီးတစ်ယောက်ဟာ မေလမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ လိင်ပိုင်းစော်ကားခံရပြီး သူ့ကိုယ်သူ သတ်သေခဲ့တဲ့အတွက် စစ်တပ်ရဲ့ တရားရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်တွေက ဆော်သြခဲ့ ကြပါတယ်။
တောင်ကိုရီးယားလေတပ်က အမျိုးသမီး တပ်ကြပ်ကြီးဟာ မတ်လမှာ လုပ်ဖော်ကိုင်ဖက်ရဲ့ ကိုယ်ထိလက်ရောက် စော်ကားတာခံရအပြီးမှာ အထက်အရာရှိတွေက ဒီကိစ္စကို ဖုံးဖိထားဖို့ ကြိုးစားခဲ့ကာ သူ့ကို အတင်းကျေအေးခိုင်းခဲ့တယ်လို့ သူ့မိသားစုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။
နောက်ပိုင်းမှာတော့ စစ်တပ်ခုံရုံးက ရှေ့နေတွေဟာ အချိန် ၂ လနီးပါး ကြာအောင် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကို စစ်မေးဖို့ ဘယ်တုန်းကမှ မဆင့်ခေါ်ခဲ့ဘူးလို့ သူတို့က ပြောပါတယ်။
တပ်ကြပ်ကြီးဟာ တာဝန်ထမ်းဆောင်နေဆဲမှာ လိင်ပိုင်း စော်ကားခံခဲ့ရအပြီး လုပ်ဖော်ကိုင်ဖက်တွေဆီက အပြုသဘော မဆောင်တဲ့ တုံ့ပြန်ချက်တွေကြောင့် မတိုင်ကြားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကမ်းတက်စစ်တပ်ဖွဲ့ ဗိုလ်ကြီးဟောင်းနဲ့ အခုတော့ လူ့အခွင့်အရေး လှုပ်ရှားသူ ဖြစ်နေတဲ့ ဆိုးလ်မြို့က တစ်ယောက်က ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီးကတော့ ဖုံးကွယ်ပေးတာကို ရည်ညွှန်းရင်း အရေးယူ ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ စစ်တပ်ရဲ့ အစဉ်အလာကို ပြောင်းလဲဖို့ ပျက်ကွက်ခဲ့လို့ တောင်းပန်ခဲ့ပါတယ်။
ပူးတွဲစစ်ဦးစီးအရာရှိချုပ်ကလည်း ဒီအမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနဆီ လွှဲပေးခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ တရားရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲဖို့ ထောက်ခံမယ်လို့ ပြောခဲ့ပါတယ်။ စစ်သည်အင်အား ၆ သိန်းကျော် ရှိပြီး စစ်မှုမထမ်း မနေရ စနစ်ကို ကျင့်သုံးတဲ့ တောင်ကိုရီးယား စစ်တပ်ဟာ ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။