မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ သြဂုတ် ၆ ရက်မနက်ကစပြီး အကျဉ်းသား ၆၀၀ ကို ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးပေးခဲ့တယ်လို့ သထုံဆေးရုံတာဝန်ရှိသူထံက သိရပါတယ်။
သထုံဆေးရုံ တာဝန်ရှိသူက “ဒီမနက်က ကျမတို့ သထုံက အကျဉ်းထောင်မှာရှိတဲ့အကျဉ်းသားတွေ ကိုဗစ် ကာကွယ်ဆေး စတင်ထိုးမယ်။ အခုက သထုံအကျဉ်းထောင်မှာ အကျဉ်းသား ၆၀၀ လောက်ရှိတယ်။ သူတို့အကုန်လုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တယ်။”လို့ ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးအပါအဝင် တခြားဒေသတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာလည်း ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပြီး သထုံအကျဉ်းထောင်မှာတော့ အခုမှ အကျဉ်းသားတွေ ပထမဆုံးအကြိမ် စတင်ထိုးပေးတာဖြစ်ပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့က အချုပ်ထောင်ရှေ့အနီးမှာ မေလ ၁ ရက် ညနေ ၃ နာရီ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
သထုံမြို့နယ်မှာတော့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အခုဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့ပေါ်မှာ ပထမဦးဆုံး ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။