close

သထုံ PDF

close

March 12, 2022

စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာရုံးများကို ရှောင်ရှားကြရန် သထုံ PDF သတိပေး

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မတ် ၁၄ ရက်နောက်ပိုင်း စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာရုံးတွေအနီး သွားလာတာတွေ ရှောင်ရှားပေးကြဖို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က မတ် ၁၂ ရက် ဒီကနေ့ သတိပေးစာ ထုတ်ပြန်ပါတယ်။

သထုံခရိုင်နဲ့ မြို့နယ် ထွေအုပ်ရုံး၊ လဝကရုံး၊ လျှပ်စစ်မီတာရုံးနဲ့ ဌာနဆိုင်ရာရုံး ဝန်ထမ်း အိမ်ရာတွေ အနီး သွားလာတာတွေ အထူးရှောင်ရှားကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာရုံးနဲ့ ဝန်ထမ်းအိမ်ရာအနီး နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ကလေးသူငယ်တွေကို နေအိမ်အပြင်ထွက် ဆော့ကစားစေတာတွေ အထူးဂရုစိုက်ပေးကြဖို့နဲ့ လူစုလူဝေးနေရာကို ရှောင်ရှားပေးဖို့ သထုံ PDF က မေတ္တာရပ်ခံထားပါတယ်။

သထုံ PDF က သတိပေးစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက သထုံမြို့အတွင်း ကင်းလှည့်တာ တွေ ဆောင်ရွက်နေသလို မြို့အပြင်နေရာတွေမှာလည်း ကင်းပုန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်နေပါတယ်။

3 mins Ago

December 10, 2021

စစ်အာဏာရှင်အား အပြီးသတ်ချေမှုန်းနိုင်ရန် သထုံ PDF ၅ ဖွဲ့ပူးပေါင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

မဟာမိတ်အဖြစ် သထုံမြို့ မြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့၊ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေး အင်အားစုနဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလိုက်တာပါ။

အခုလို မဟာမိတ်အဖြစ် ပူးပေါင်းရတာဟာ တကွဲတပြားဖြစ်နေတဲ့ တော်လှန်ရေး အင်အားစုတွေ တစုတစည်းတည်း စစ်အာဏာရှင်အား အပြီးသတ်ချေမှုန်းတိုက်ထုတ်ဖို့အတွက် ပူးပေါင်းရတာလို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ စောကတုံးက DVB ကို ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် တော်လှန်ရေးတွေကို အရှိန်အဟုန် မြင့်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေ အနီးမှာ လှုပ်ရှားသွားလာတာမလုပ်ကြဖို့ သတိပေးထား ပါတယ်။

ပေါင်းစည်းလိုက်တဲ့ သထုံ PDF အဖွဲ့တွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG  လမ်းညွှန်မှု၊ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ရဲ့ ဦးဆောင်မှုနဲ့ ဒေသအတွင်း ပြည်သူ့တော်လှန်ရေး လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်နေကြပါတယ်။

3 months Ago
Up