သြစတြေးလျနိုင်ငံရဲ့ ကမ္ဘာ့အကြီးမားဆုံး သန္တာကျောက်တန်း Great Barrier ရဲ့ ဂေဟစနစ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပင်လယ်ရေပူနွေးလာမှုတို့ကြောင့် သိသာတဲ့ သက်ရောက်မှုရှိတဲ့အတွက် ဒီ သန္တာကျောက်တန်းကြီးကို မျိုးတုံးအန္တရာယ် ကျရောက်နိုင်တဲ့ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းသင့်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
နိုင်ငံစီးပွားရေးအတွက် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ဝင်ငွေရရှိစေတဲ့ ဒီသန္တာကျောက်တန်းကြီးကို မျိုးတုံးပျောက်ကွယ်လုနီးပါး စာရင်းထဲမှာ ထည့်သွင်းထိန်းသိမ်းထားဖို့ ကင်ဘာရာအစိုးရက နှစ်ပေါင်းများစွာ စည်းရုံးခဲ့တာပါ။
အမွေအနှစ်တွေ ဆုံးရှုံးသွားစေနိုင်ပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု လျော့ကျသွားနိုင်တာပါ။
မကြာသေးခင်ကမှ သြစတြေးလျရွေးကောက်ပွဲကနေ တက်လာတဲ့ အလုပ်သမားပါတီ အစိုးရဟာ ဒီသန္တာကျောက်တန်းကြီးကို အကာအကွယ်ပေးဖို့ လာမယ့်နှစ်မှာ ဒေါ်လာ သန်း ၈၀၀ အသုံးပြုမယ်လို့ ကတိပြုထားပြီး ပါလီမန်ကလည်း စက်တင်ဘာလထဲမှာ အတည်ပြုခဲ့ပါတယ်။
ကိုဗစ်ကာလ မတိုင်ခင်က သြစတြေးလျ အရှေ့မြောက်ကမ်းရိုးတန်းမှာရှိတဲ့ Great Barrier သန္တာကျောက်တန်းကြီးကို နှစ်စဉ် ခရီးသွား ၂ သန်းကျော် လာရောက်ခဲ့ပြီး လူပေါင်း ၆၄,၀၀၀ အတွက် အလုပ်အကိုင် ပေးထားနိုင်တယ်လို့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
တွန်ဂါကျွန်းမီးတောင်ပေါက်ကွဲမှုကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးတာ၊ ကမ်းရိုးတန်းတွေ တိုက်စားခံရတာနဲ့ ငါးလုပ်ငန်းအနှောင့်အယှက် ဖြစ်တာအထိ ရင်ဆိုင်ရနိုင်တယ်လို့ နယူးဇီလန် နိုင်ငံအိုတာဂိုတက္ကသိုလ်က ဘူမိဗေဒပညာရှင် မာကိုဘရန်နာက ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ ဆူနာမီရေလှိုင်းဟာ အင်မတန်ဝေးတဲ့ မြောက်အမေရိကနဲ့ ဂျပန်ထိ ရောက်ခဲ့ပြီး သိသိသာသာ ပျက်စီးခဲ့သလို ဒီဆူနာမီဟာ သမုဒ္ဒရာထဲမှာ ဒီလောက် ခရီးသွားနိုင်ဖို့ စွမ်းအင်ကို ထိန်းရာမှာ အထောက်အပံ့ ဖြစ်တဲ့ ပေါက်ကွဲမှုသက်သက်မကတဲ့ နောက်ထပ်ဖြစ်စဉ်တွေ ရှိရလိမ့်မယ်လို့ ဘူမိဗေဒပညာရှင်က ပြောပါတယ်။
မီးတောင် ပေါက်ကွဲမှုနဲ့ ဆူနာမီရေလှိုင်း ရိုက်ခတ်မှုအပြီး ဇန်နဝါရီ ၁၈ ရက်မှာတော့ တွန်ဂါနိုင်ငံရဲ့ ကျွန်းမကြီးနဲ့ ဝန်းရံကျွန်းငယ်တွေက ကမ်းခြေတွေမှာ သိသာတဲ့ အပျက်အစီးတွေရှိခဲ့ပါတယ်။
ဒါပေမဲ့ လေဆိပ်က ပိတ်ထားရပြီး ဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်နေလို့ နိုင်ငံတကာ ကပ်ဘေးသက်သာရေး အားထုတ်မှုတွေ နှောင့်နှေးနေဆဲပါ။
မီးတောင်ပြာတွေဟာ တွန်ဂါနိုင်ငံရဲ့ အဓိကခရီးသွားလုပ်ငန်းအတွက် မရှိမဖြစ် သန္တာကျောက်တန်းတွေကို ချေမှုန်းနေတယ်လို့လည်း ဘရန်နာက ပြောပါတယ်။
တွန်ဂါနိုင်ငံက မီးတောင်ပေါက်ကွဲအပြီး ပြာမှုန်တွေ လေထုထဲကို ၁၂ ဒသမ ၄ မိုင်အထိ မှုတ်ထုတ်ခဲ့တယ်လို့ အမျိုးသားသမုဒ္ဒရာနဲ့လေထုစီမံခန့်ခွဲရေးရုံး နိုအာက သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးပါတယ်။
ပစိဖိတ်သမုဒ္ဒရာမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် တိမ်တိုက်တွေ ရွေ့လျားနေပုံကို ဂြိုဟ်တုကနေ ဓာတ်ပုံရိုက်ထားပြီး ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီမီးတောင်ဟာ ကျန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းက ပုံမှန်ပေါက်ကွဲခဲ့ပေမဲ့ စနေနေ့ ပေါက်ကွဲချိန်မှာတော့ ပတ်ဝန်းကျင်က ဖီဂျီ၊ နယူးဇီလန်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေဆီအထိ ရောက်အောင် သက်ရောက်ခဲ့ပါတယ်။