close

သန်းနုတောရွာ ဘုန်းတော်ကြီးကျောင်း

close

September 26, 2022

မြိုင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီ မြှုပ်ထားသည့် အလောင်းတလောင်းတွေ့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်မြေမြှုပ်ထားခဲ့တဲ့ ဒေသခံရွာသားတယောက်ရဲ့ အလောင်းကို ဒီမနက်ပိုင်းက ရှာတွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ မြိုင်မြို့ကနေ သန်းနုတောရွာကို စစ်တင်ဘာ ၂၂ ရက်နေ့က စစ်ကြောင်းဝင်ရင်း အဲဒီရွာသားကို သတ်ဖြတ်ခဲ့ပြီး အခုလို မြေမြှုပ်ထားခဲ့ကြတာဖြစ်မယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။ 

“အခုသေဆုံးသူက ကိုဖိုးညို။ အသက်က ၅၂ နှစ်ဝန်းကျင်ကို သတ်ဖြတ်ပြီး မြေမြှုပ်ခဲ့ကြတာ။ ဘာကြောင့် အခုလိုအသတ်ခံရတာလဲဆိုတော့ သေချာမသိဘူး။ ကိုဖိုးညိုလွယ်အိတ်ထဲမှာ ဓားတချောင်းပဲပါမယ်။ ကျန်တာ ဘာလက်နက်မှ မပါဘဲ သတ်ထားခဲ့ကြတာ။ အဲလိုသတ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ မနက်ခင်း ၁၀ နာရီက ပေါက်မြို့နယ်ဘက် ထွက်သွားကြတယ်။ အလောင်းက ဒီနေ့မှတွေ့ရတာဗျ” လို့ ဒေသခံရွာသားတယောက်ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မကွေးတိုင်းထဲက ကျေးရွာတွေကိုလည်း စစ်ကိုင်းထဲက ရွာတွေလိုမျိုး ရွာကိုမီးရှို့တာ၊ ဒေသခံတွေကိုသတ်ဖြတ်တာတွေနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့် ဒေသခံတွေ နေ့ရော ညပါ စစ်ဘေးရှောင်ပုန်းနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

11 mins Ago
Up