close

“သပိတ်စုံ သူပုန်ထ”

close

June 14, 2021

စစ်ကိုင်းတိုင်းတွင် “သပိတ်စုံ သူပုန်ထ” ဆန္ဒပြ

ပြောက်ကျား​တော်လှန်​ရေး​ခေါင်း​ဆောင် ချေ​ဂွေဗားရားရဲ့ မွေးနေ့ကို ဂုဏ်ပြုရင်း စစ်အာဏာရှင် အမြစ်ပြတ်​ချေမှုန်း​ရေးသပိတ်ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်ပြည်သူ​တွေ  ဇွန်လ ၁၄ ရက်​မနက်က ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပြည်သူ​တွေ ချေ​ဂွေဗားရားရဲ့ အဆိုမိန့်​တွေထဲကတစ်ခုဖြစ်တဲ့  "သပိတ်စုံ သူပုန်ထ"စာသားပါဆိုင်းဘုတ်တွေကိုင်​ဆောင်ပြီး လမ်းမ​တွေ​ပေါ် ချီတက်ကာ စစ်အာဏာရှင်အမြစ်ပြတ်​ချေမှုန်း​ရေး သပိတ်ပြုလုပ်ခဲ့တာပါ။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူး​ပေါင်းသပိတ်ဟာ စစ်အာဏာရှင်​တော်လှန်​ရေးသပိတ်ဆင်နွှဲလာခဲ့တာ ရက်​ပေါင်း ၉၆ ရက်​ရှိပြီဖြစ်ပြီး ဒီက​နေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာလည်း အင်အား ​ထောင်ချီ ပါဝင် ဆန္ဒပြခဲ့ပါတယ်။

5 mins Ago
Up