close

သပိတ်ဦးဆောင်ကော်မတီ

close

April 15, 2022

မုံရွာမြို့ တော်လှန်သင်္ကြန် ရာနှုန်းပြည့်အောင်မြင်ဟု သပိတ်ဦးဆောင်ကော်မတီပြော

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့အပါအဝင် မြို့ကြီးတွေမှာ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် သင်္ကြန်ရက် ၃ ရက်ကြာလာတဲ့အထိ ပြည်သူတွေက မပူးပေါင်းဘဲ တော်လှန်သင်္ကြန်ကို ဆင်နွှဲနေကြပါတယ်။

သင်္ကြန်မတိုင်ခင်ကတည်းက ဒေသတွင်း PDF တွေက စစ်ကောင်စီမဏ္ဍပ်တွေနားကို မသွားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့တဲ့အတိုင်း ပြည်သူတွေက PDF တွေဘက်က ရပ်တည်နေကြတဲ့ အကြောင်းနဲ့ မုံရွာမြို့တော်လှန်သင်္ကြန်ကတော့ ၁၀၀ ရာခိုင်နှုန်းအောင်မြင်နေပြီး စစ်ကိုင်းတိုင်းထဲက မြို့တွေအားလုံးမှာလည်း တော်လှန်သင်္ကြန်အောင်မြင်နေတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီ ကိုဝင်းမိုးဇော်က "မုံရွာမြို့က တော်လှန်သင်္ကြန်က ၁၀၀ ရာခိုင်နှုန်းအောင်မြင်တယ်။ Silence Strike လိုမျိုးပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းပုံစံ ရောက်နေတယ်။ စစ်ကောင်စီကဖွင့်တဲ့မဏ္ဍပ်တွေမှာ သူတို့ဘောမတစ်သိုက်ပဲ ပျော်ရွှင်နေပြီးတော့ ကျနော်တို့ ပြည်သူတွေ ဘယ်သူမှမသွားဘူး။ သူတို့ကတော့ လုံခြုံရေး အပြည့်အဝယူထားတယ်။ မုံရွာသင်္ကြန်က အရင်တုန်းက ချင်းတွင်းသင်္ကြန်တွေဘာတွေနဲ့ တော်တော် စည်စည်ကားကားရှိခဲ့တဲ့မြို့။ အခုကတော့ ဒေသတွင်း PDF အဖွဲ့တွေက ပြောထားတဲ့အတိုင်းပဲ ပြည်သူတွေက ပူးပေါင်းပါဝင်ကြတယ်။ ညီညွတ်ကြတယ်။ ပြည်သူက သူတို့တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြတယ်။ သူတို့ ငွေအားမတတ်နိုင်လို့ မလှူနိုင်တာပဲရှိမယ်။ စိတ်ဓာတ်ကတော့ တော်လှန်ရေးမှာပဲ နှစ်မြှုပ်ပြီးသားပဲ။ PDF တွေကပဲဖြစ်ဖြစ် သပိတ်ကော်မတီတွေကပဲဖြစ်ဖြစ် တစ်ခုခုပြောလိုက်တယ်၊ လမ်းပိုင်းတွေပိတ်လိုက်တယ်ဆိုရင်တောင် ဘယ်သူမှမသွားကြတော့ဘူး။ ပူးပေါင်းပါဝင်ပေးတယ်။"လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်သင်္ကြန်အောင်မြင်နေသလို မန္တလေးတိုင်းမှာလည်း အောင်မြင်တယ်လို့ မြင်းခြံ Zero ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီက သင်္ကြန်ကိုအသုံးချပြီး ပြည်သူတွေကို အာရုံပြောင်းဖို့ကြိုးစားနေပေမဲ့ ပြည်သူတွေကတော့ တော်လှန်ရေးမှာပဲစိတ်စွဲနေတယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ မှ ဗိုလ် Zero က ပြောပါတယ်။

"ပြည်သူတွေရဲ့ တော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်မှုကတော့ မန္တလေးရော စစ်ကိုင်းရော အားကောင်းနေပါတယ်။ ပြည်သူတွေ ကျနော်တို့ ဘက်မှာ ပါပါတယ်ဗျ။"

သင်္ကြန်မဏ္ဍပ်တွေမှာ စစ်ကောင်စီက လုံခြုံရေးအပြည့်ယူထားပြီး တစ်ဖက်နဲ့ တစ်ဖက်မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့  အခြေအနေမျိုးဖြစ်ပြီး ပစ်ခတ်မှုတွေတော့ မရှိသေးဘူးလို့ ပြောပါတယ်။ 

ဧပြီ ၁၅ ရက် ဒီကနေ့ သင်္ကြန်အကြတ်နေ့ဟာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မတရားဖမ်းဆီးခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တာမို့  ယင်းမာပင်နဲ့ ဆားလင်းကြီးဒေသက ကျေးရွာပေါင်းစုံပြည်သူတွေ စုပေါင်းပြီး  စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကနီမြို့နယ် မုံရွာ - ယာကြီး - ကလေးဝလမ်း လယ်ရှည်ဇရပ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၅ ယောက်အတွက် ၁ နှစ်ပြည့် အထိမ်းအမှတ် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာနဲ့  လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းထဲမှာ အိမ်ခြေ ၄၀၀၀ နီးပါး  မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သိန်းကျော်ဟာ ဦးတည်ရာမဲ့ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒါ့အပြင် နေအိမ်တွေပျက်စီးဆုံးရှုံးတာ၊ စိုက်ပျိုးရေးနဲ့စီးပွားရေးလုပ်ငန်း တွေမလည်ပတ်နိုင်တော့တာ၊ မိသားစုဝင်တွေသတ်ဖြတ်ဖမ်းဆီးထောင်ချခံရတာတွေရှိနေပေမဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

10 mins Ago

September 7, 2019

ပညာရေးဒုဝန်ကြီးနှင့် မန္တလေးတက္ကသိုလ် သပိတ်ဦးဆောင်ကော်မတီ တွေ့ဆုံ

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ညွှန်ကြားရေးမှူးချုပ်နဲ့ မန္တလေးတက္ကသိုလ်ကျောင်သားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီတို့ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည် မရှိတာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ တောင်းဆိုထားတဲ့ အချက်တွေကို ၄၈ နာရီအတွင်း အမြန်ဆုံး လာရှင်းပေးဖို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သပိတ်မှောက်ပြီး ၅ ရက်မြောက်နေ့ ဩဂုတ် ၆ ရက်နေ့မှာ တောင်းဆိုခဲ့ပြီးနောက် အခုလို တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က စတင်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂမအဖွဲ့ကဦးဆောင်ပြီး အချက် ၆ ချက်ကို တောင်းဆိုခဲ့ပြီး သပိတ်မှောက် ဆန္ဒပြနေကြတာပါ။ နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမေက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား အယုံအကြည်မရှိ၊ ကျောင်းတွင်းစီမံကိန်းများအား ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ချပြရေး၊ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်ပါ မောက္ခချုပ်အားတာဝန်မှ အမြန်ဆုံး ရပ်ဆိုင်းပေးရေး စတဲ့ အချက်တွေကို ထိုင်သပိတ်မှောက်ပြီးတောင်းဆိုခဲ့ကြတာပါ။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ မန္တလေးတက္ကသိုလ် ကျောင်သားများသမဂ္ဂ သပိတ်ဦးဆောင် ကော်မတီ ကျောင်းသား ၅ နဲ့ မန္တလေးတက္ကသိုလ်ရဲ့ ပင်မဆောင် အစည်းအဝေးခန်းမမှာ တွေ့ဆုံနေကြတာလည်း ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပညာေရးဒုဝန္ႀကီးႏွင့္ မႏၲေလးတကၠသိုလ္ သပိတ္ဦးေဆာင္ေကာ္မတီ ေတြ႕ဆုံ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ မႏၲေလးတကၠသိုလ္ေက်ာင္သားမ်ားသမဂၢ သပိတ္ဦးေဆာင္ေကာ္မတီတို႔ ဒီေန႔ ေတြ႕ဆုံခဲ့ၾကပါတယ္။ ပညာေရးဝန္ႀကီးဌာနရဲ႕ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို အယုံအၾကည္ မရွိတာေၾကာင့္ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ေတာင္းဆိုထားတဲ့ အခ်က္ေတြကို ၄၈ နာရီအတြင္း အျမန္ဆုံး လာရွင္းေပးဖို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက သပိတ္ေမွာက္ၿပီး ၅ ရက္ေျမာက္ေန႔ ဩဂုတ္ ၆ ရက္ေန႔မွာ ေတာင္းဆိုခဲ့ၿပီးေနာက္ အခုလို ေတြ႕ဆုံတာလည္း ျဖစ္ပါတယ္။ စက္တင္ဘာလ ၂ ရက္ေန႔က စတင္ၿပီး မႏၲေလးတကၠသိုလ္ေက်ာင္းသား သမဂၢမအဖြဲ႕ကဦးေဆာင္ၿပီး အခ်က္ ၆ ခ်က္ကို ေတာင္းဆိုခဲ့ၿပီး သပိတ္ေမွာက္ ဆႏၵျပေနၾကတာပါ။ ႏိုင္ငံေတာ္သမၼတၫႊန္ၾကားခ်က္ႏွင့္ တည္ဆဲဥပေဒအား ေဖာက္ဖ်က္လုပ္ေဆာင္ေသာ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အား စိစစ္အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္အား အသုံးခ်၍ ကိုယ္က်ိဳးရွာေသာ ပါေမကၡခ်ဳပ္ အလိုမရွိ၊ ပညာေရးဝန္ႀကီးဌာန၏ ဘက္လိုက္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕အား အယုံအၾကည္မရွိ၊ ေက်ာင္းတြင္းစီမံကိန္းမ်ားအား ေဆာင္႐ြက္ရာတြင္ ပြင့္လင္းျမင္သာစြာ ခ်ျပေရး၊ မွန္ကန္မွ်တေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆး အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္ပါ ေမာကၡခ်ဳပ္အားတာဝန္မွ အျမန္ဆုံး ရပ္ဆိုင္းေပးေရး စတဲ့ အခ်က္ေတြကို ထိုင္သပိတ္ေမွာက္ၿပီးေတာင္းဆိုခဲ့ၾကတာပါ။ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္း ဦးေဆာင္တဲ့အဖြဲ႕ဟာ မႏၲေလးတကၠသိုလ္ ေက်ာင္သားမ်ားသမဂၢ သပိတ္ဦးေဆာင္ ေကာ္မတီ ေက်ာင္းသား ၅ နဲ႔ မႏၲေလးတကၠသိုလ္ရဲ႕ ပင္မေဆာင္ အစည္းအေဝးခန္းမမွာ ေတြ႕ဆုံေနၾကတာလည္း ျဖစ္ပါတယ္။
3 years Ago
Up