close

သဘာဝဓာတ်ငွေ့လုပ်ငန်း

close

April 26, 2021

တောင်ကိုရီးယား Posco ကုမ္ပဏီ မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆက်လုပ်မည်

တောင်ကိုရီးယားနိုင်ငံအခြေစိုက် Posco သံမဏိလုပ်ငန်းဟာ နိုင်ငံတကာ သံမဏိဈေးမြင့်တက်နေတာနဲ့ တရုတ်နိုင်ငံမှာ  ထုတ်လုပ်မှုတွေ ရပ်ဆိုင်းလိုက်တာတွေကြောင့် ၂၀၂၁ ပထမ ၃ လအတွင်းမှာ အမြတ်ငွေ ၂ ဆမြင့်တက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ အလုပ်ဆက်လုပ်ဖို့ရှိတယ်လို့ ကြေညာပါတယ်။ 

တောင်ကိုရီးယားရဲ့ အကြီးမားဆုံး သံမဏိလုပ်ငန်းဖြစ်တဲ့ Posco ဟာ စစ်တပ်ပိုင် ဉီးပိုင်ကုမ္ပဏီနဲ့  တွဲဖက်လုပ်ကိုင်နေတဲ့ Coating လုပ်ငန်းကိုတော့ ရပ်ဆိုင်းခဲ့တယ်လို့ ကြေညာထားပါတယ်။ 

Posco ဟာ မြန်မာ့ ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကအတွက် ပေးအပ်တဲ့ငွေတွေဟာ ဘဏ္ဏာရေးဝန်ကြီးဌာနကို ပေးအပ်ရတာဖြစ်ပြီး စစ်တပ်ကို ပေးရတာမဟုတ်ဘူးလို့ဆိုပါတယ်။

သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို မြန်မာပြည်တွင်းဈေးကွက်ကို ထောက်ပံ့နေလို့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းဟာ မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝအတွက်အရေးကြီးတယ်လို့ ဆိုပါတယ်။ Posco ကုမဏီဟာ မြန်မာ လျှပ်စစ်စွမ်းအင်လုပ်ငန်းဖြစ်တဲ့ RpIR နဲ့ နှစ်ပေါင်း ၂၀ လောက် တွဲဖက်လုပ်ကိုင်နေခဲ့ပြီး သဘာဝဓတ်ငွေ့အများစုဟာ တရုတ်နဲ့  အိန္ဒိယ နိုင်ငံတွေကို ရောင်းချတာဖြစ်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ စစ်အစိုးရအတွက် အဓိကဝင်ငွေဖြစ်နေတာကြောင့် Posco ရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရပ်ဆိုင်းဖို့ တောင်းဆိုနေကြပါတယ်။ 

Posco ကုမဏီဟာ လုပ်ငန်းအမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ခွဲဝေပေးရပြီး ၂၀၁၈ ခုနှစ်တနှစ်တည်းမှာတင် ဒေါ်လာသန်းပေါင်း ၁၈၀ လောက်ရှိနေတယ်လို့ တောင်ကိုရီးယား အခြေစိုက် လူ့အခွင့်အရေးအဖွဲ့  People’s Solidarity for Participatory Democracy အဖွဲ့က ထုတ်ပြန်ပါတယ်။ 

Posco ရဲ့ နိုင်ငံတကာကုမ္ပဏီခွဲဟာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကိုင်နေပြီး အမြတ်ငွေခွဲဝေမှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက နားလည်မှုလွဲချော်နေကြတယ်လို့ Posco ကုမဏီဘက်က တုံ့ပြန်ပါတယ်။ 

MOGE, Korea Gas Corp, India state gas company, အစရှိတဲ့ ကုမဏီပေါင်းများစွာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြတာဖြစ်ပြီး သဘောတူညီချက်အရ ငွေပေးချေမှုဟာ မြန်မာအစိုးရဘဏ်ထဲကို အလိုလျောက်ဝင်ရောက်သွားတာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး Jeong Joon-sung က ရင်းနှီးမြှုပ်နှံသူတွေနဲ့  အစည်းအဝေးမှာပြောပါတယ်။ 

မြန်မာစစ်ကောင်စီကပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဉီးပိုင်လုပ်ငန်းနဲ့ လုပ်ငန်းတွေရပ်ဆိုင်းဖို့ကိုတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

9 mins Ago
Up