close

သမဝါယမ

close

June 27, 2021

စစ်ကိုင်းတိုင်း CDM သမဝါယမဝန်ထမ်း​များကို ​ကိုဗစ်​ချေး​ငွေ ၂ လစာ ပြန်​ဆပ်ရန် ဖိအား​ပေး

အာဏာဖီဆန်ရေး (CDM) လုပ်​ဆောင်​နေတဲ့ စစ်ကိုင်းတိုင်း​ စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနက ဝန်ထမ်း​​တွေအား ​ယခင်အစိုးရလက်ထက်က ထုတ်​ချေး​ပေးထားတဲ့ ကိုဗစ်​ချေး​ငွေ ၂ လစာကို အာဏာသိမ်းစစ်​​ကောင်စီက ပြန်လည်​ပေးဆပ်ဖို့ ဖိအား​ပေးနေတယ်လို့ အလုပ်မှထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတစ်ဦးက ​ပြောပါတယ်။ 

ကိုဗစ်ချေး​ငွေ ၂ လစာကို ​ပြန်လည်ပေးဆပ်ဖို့ မလို​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) က ​ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အလုပ်တာဝန်ပျက်ကွက်တယ်ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သမဝါယမဌာနမှ မြို့နယ်ဦးစီးမှူး​တွေအပါအဝင် ဝန်ထမ်းဦး​ရေ ၈၀ ကို ​မေလ ၂၄ ရက်က​ ဒုတိယညွှန်ကြား​ရေးမှူး အိဖြူဖြူထွန်း လက်မှတ်နဲ့ ထုတ်ပယ်ထားတာပါ။

အဆိုပါအမိန့်ကို ​မကျေနပ်ပါက ထုတ်ပြန်တဲ့​နေ့ကစပြီး ၆ လအတွင်း အထက်အဆင့်ဆင့်ကို အယူခံခွင့်ရှိတယ်လို့ ဆိုပါတယ်။

5 mins Ago
Up