close

သမ္မတရုပ်ရှင်ရုံ

close

April 17, 2022

သမ္မတရုပ်ရှင်ရုံက “ဝေးဝေးမနေချင်ဘူး ဇာတ်ကား” ပရိသတ် ၂၀ ဝန်းကျင်သာ ကြည့်ရှု

ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခဲ့ပေမယ့် ရန်ကုန်ကရုံတွေမှာ ကြည့်ရှုသူ အလွန်နည်းပါးခဲ့ပြီး သမ္မတရုပ်ရှင်ရုံမှာ ပြနေတဲ့ ဝေးဝေးမနေချင်ဘူး ဇာတ်ကားကို ပရိသတ် ၂၀ ဝန်းကျင်သာ ကြည့်ရှုခဲ့တယ်လို့ သွားရောက်ကြည့်ရှု့ခဲ့တဲ့ ပရိသတ်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဇာတ်ကားမှာ လူမင်း၊ နေမင်း၊ ရွှေမှုံရတီ တို့ ပါဝင်သရုပ်ဆောင်ထားကာ တနေ့ကို ပွဲစဉ် ၄ ပွဲ ပြသထားပြီး တပတ် ၁ ကားနှူန်းနဲ့ ၆ ပတ်စာ ဇာတ်ကားတွေကို စစ်ကောင်စီက စီစဉ်ထားပြသနေတာပါ။

ရုပ်ရှင်ရုံတွေကို ကိုဗစ် ပထမလှိုင်းစတင်တဲ့ ၂၀၂၀ မတ်လကစပြီး ပိတ်ထားရာကနေ ဒီနှစ် ဧပြီ ၁၇ ရက်နေ့ ပြန်လည်ဖွင့်လှစ်တာဖြစ်ပါတယ်။

ရုပ်ရှင်ရုံတွေ ပုံမှန်ပြန်ဖွင့်ပေမဲ့ ရုပ်ရှင်ကြည့်ပရိသတ် ဝင်ရောက်မှု ၃ ရာခိုင်နှုန်းသာရှိတဲ့အတွက် ထုတ်လုပ်သူနဲ့ ရုံပိုင်ရှင်တွေ အခက်တွေ့နေကြပါတယ်။

57 seconds Ago
Up