close

သမ္မတ ဘိုင်ဒင်

close

September 13, 2022

အကြမ်းဖက်တိုက်ခိုက်မှုအား စည်းလုံးညီညွတ်စွာတုံ့ပြန်ခဲ့ကြသည့်အပေါ် အမှတ်ရဟု သမ္မတ ဘိုင်ဒင်ပြော

အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ “ဘယ်တော့မှ လက်မလျှော့ဘူး”လို့  ပင်တဂွန်မှာ ကျင်းပတဲ့ 9/11 နိုင်းအလဲဗင်း အထိမ်းအမှတ် အခမ်းအနားမှာ  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောလိုက်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံကို အယ်လ်ကိုင်ဒါရဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က စည်းစည်းလုံးလုံးတုံ့ပြန်မှုကို အောက်မေ့သတိရတယ်လို့လည်း တိုင်တည် ပြောဆိုခဲ့ပါတယ်။

"ဒီမှောင်မိုက်တဲ့နေ့ရက်တွေကြားထဲမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ခဲ့ကြတယ်။ အတူတူ ကျော်ဖြတ်ခဲ့ကြတယ်" လို့ဘိုင်ဒန်က ပြောပါတယ်။

အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေဟာ နယူးယော့ခ်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မျှော်စင်ညီနောင်နဲ့  ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့မှာရှိတဲ့ ပင်တဂွန်စစ်ဌာနချုပ်ဆီ လေယာဉ်နဲ့ တိုက်ချခဲ့တာမှာ  တိုက်ခိုက်မှုအတွင်း လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

United လေကြောင်းလိုင်း  Flight 93 ကတော့ ခရီးသည်တွေက ပြန်ပေးသမားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်အပြီး ကွင်းပြင်တစ်ခုအတွင်း ထိုးချခဲ့လို့ လေယာဉ်ပျက်ကျခဲ့တဲ့အတွက် တခြားပစ်မှတ်ကို မထိမှန်ဘဲ ကာကွယ်နိုင်ခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ထဲကို ပျက်ကျခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၇ မှာ လူ ၅၉ ဦး လိုက်ပါလာပြီး အဲဒီနေ့မှာပဲ အဆောက်အအုံထဲမှာ သေဆုံးသူ ၁၂၅ ဦး ရှိခဲ့ပါတယ်။

13 mins Ago

May 16, 2022

နယူးယောက်ပစ်ခတ်မှု လူမျိုးရေးအမုန်းတရားအခြေခံသည့် ရာဇဝတ်မှုဖြစ်ဟု သမ္မတ ဘိုင်ဒင်ပြော

အမေရကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘက်ဖလိုးမြို့မှာ မတ်လ ၁၄ ရက်က ဖြစ်ခဲ့တဲ့ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဟာ လူမျိုးရေး အမုန်းကို အခြေခံတဲ့ ရာဇဝတ်မှုဖြစ်လို့ တရားရေး ဌာနက စုံစမ်းနေ တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

ကျဆုံး ရဲတပ်ဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုတဲ့ အခမ်းအနားမှာ သမ္မတ ဘိုင်ဒင်က အခုလို ပြောတာဖြစ်ပြီး ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကို ပုံမှန် အစီရင်ခံခိုင်းထားတယ်လို့လည်းပြောပါတယ်။ 

သမ္မတ ဘိုင်ဒင်က “ဒီလိုတွေ ဖြစ်လာရင် အမေရိကန်တွေရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ စွန်းထင်မနေအောင် ကျနော်တို့ အတူလက်တွဲပြီး လုပ်ဖို့လိုပါတယ်။ ရင်လေးစရာတွေ တကျော့ပြန် ဖြစ်လာတာ မှန်ပေမယ့် ကျနော်တို့ရဲ့ခိုင်မာတဲ့ သံန္နိဋ္ဌာန်က ဘယ်တော့မှ လျော့ပါးသွားမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

နယူးယောက်ပြည်နယ်က ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘက်ဖလိုးမြို့မှာ လူဖြူလူငယ် သေနတ်သမား လက်ချက်နဲ့ လူ ၁၀ ယောက် သေဆုံးခဲ့ရပါတယ်။

စားသောက်ကုန်တွေရောင်းတဲ့ စတိုးဆိုင်မှာ ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း  သေဆုံးသွားသူ အများစုက လူမည်းတွေ ဖြစ်ပါတယ်။ 

သေနတ်ထိမှန်တဲ့ ၁၃ ယောက်မှာ ၁၁ ယောက်က လူမည်းတွေ ဖြစ်ပြီး ၂ ယောက်က လူဖြူတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် ၃ ယောက်လည်း ဒဏ်ရာသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အသက် ၁၈ နှစ်အရွယ် လူဖြူ သေနတ်သမားကို ရဲတွေက ဖမ်းဆီး လိုက်ပြီး လူမျိုးရေး အမုန်းတရားကို အခြေခံတဲ့ ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ 

4 months Ago
Up