ချင်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ CDF တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စက်ပစ္စည်းတွေ ဝယ်ယူထောက်ပံ့နိုင်ဖို့ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုက Crochet အထည်တွေ ကိုယ်တိုင်ပြုလုပ်ပြီး မဲလက်မှတ် ရောင်းချတဲ့ ရန်ပုံငွေကမ်ပိန်းတခုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
အလှူရှင်တွေ လှူချင်လာစေဖို့ ကြိုးစား ချည်ထိုးရုံတင်မကဘဲ မရိုက်တာ ၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ အလှဓာတ်ပုံတွေကိုလည်း ဓာတ်ပုံဆရာနဲ့ ရိုက်ကူးထားခဲ့ပြီး ချင်းပြည်နယ်က ပြည်သူ့ဘက်တော်သား ဆရာဝန်တွေ သတ်မှတ်ထားတဲ့ ပမာဏ မရမချင်း အခါအားလျော်စွာ ပုံတွေတင်သွားမှာဖြစ်တယ်လို့လည်း ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။
Crochet အထည်တွေ ရောင်းချလို့ ရလာတဲ့ ရန်ပုံငွေကို ချင်းပြည်နယ်က ဆေးခန်းတခုကို အဆင့်မြှင့်တင်ပြီး အဆင့်အတန်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ နိုင်ငံတကာကို ရောက်ရှိနေတဲ့ သွေးချင်းတွေကလည်း ဝိုင်းဝန်းကူညီလှူဒါန်းဖို့ တောင်းဆိုထားပါတယ်။
အခုကမ်ပိန်းကို နှစ်လတိတိ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက ကူညီချင်သူတွေအနေနဲ့ သက်ဆိုင်တဲ့သူတွေဆီမှာ လှူဒါန်းလို့ရသလို တခြား ကျန်သေးတဲ့နိုင်ငံတွေက ရန်ပုံငွေရှာပေးတဲ့ အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး အားလုံးပါဝင်လို့ရအောင် ကြိုးစားနေတယ်လို့လည်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောကြားထားပါတယ်။
ဓာတ်ပုံ - ပိုင်ဖြိုးသု လူမှုကွန်ရက်စာမျက်နှာ
သရုပ်ဆောင် အကယ်ဒမီမင်းသမီး ပိုင်ဖြိုးသု ကိုယ်တိုင်ထိုးထားတဲ့ Crochet အိတ် ၃ လုံး ကို ကံစမ်းဝယ်ယူကြဖို့ ဖိတ်ခေါ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ပါဝင် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ပိုင်ဖြိုးသု ကိုယ်တိုင်ထိုး Crochet အိတ် ၃ လုံးနဲ့ fundraising မှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကံစမ်းမဲလက်မှတ်တစ်စောင်ကိုတော့ မြန်မာငွေကျပ် ၅၀၀၀၊ Cryptocurrency နဲ့ ဝယ် ယူလိုပါက တစ်စောင်ကို 3 USDT နဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ လာမယ့် ဖေဖော်ဝါရီလမှာ ၁ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကို ပြည်သူလူထုတွေ အပြင်းအထန် ခံစားခဲ့ကြရပါတယ်။
အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့လူနာတွေ စတင်တွေ့ရှိပြီး များပြား လာနေခဲ့သလို လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့ ပြည် သူတွေလည်း များစွာကျန်ရှိနေတာကြောင့် နောက်ထပ် စတုတ္ထလှိုင်းနဲ့ ကြုံတွေ့မှာ စိုးရိမ် စရာဖြစ်နေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင် နှုန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားပြီး လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၂၁ သန်းခွဲကျော်ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါ တယ်။
ကံစမ်းမဲ ဝယ်ယူနိုင်မယ့် နိုင်ငံတကာမှ Official Fundraiser တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါ တယ်။
Bliss in Action
https://web.facebook.com/Bliss-In-Action-112208411257000/
CDM Medical Network
https://www.facebook.com/CDM-Medical-Network-101846935455895
Chicago Burmese Multi-Ethnic Activists
https://www.facebook.com/ChicagoBurmeseMultiEthnicActivists
CRPH Funding Brunei
https://www.facebook.com/crphfunding.brunei
CRPH Funding Ireland
https://www.facebook.com/CRPH-Funding-Ireland-101823198732070
H.NANDAR.H
https://www.facebook.com/htoo.nandar.10
KTJ Supporting Group - Bangkok Thailand
https://www.facebook.com/www.ktjgroup.org/
Love to Share
Myanmar Global Support Foundation - MGSF
https://www.facebook.com/myanmarglobalsupportfoundation
Moon King
www.facebook.com/crphofficialfundraiser/
Onedollar donation for Myanmar Spring revolution 2021
https://www.facebook.com/Onedollar-donation-for-Myanmar-Spring-revolution-2021-106374871605641
Rise Again Myanmar - Korea
https://www.facebook.com/riseagainmyanmar
SpringrevoZ - where Donors and Donees Connect
https://www.facebook.com/springrevoz
Sydney Friends for Myanmar Unity
https://www.facebook.com/groups/sydneyfriendsformyanmarunity
UCare Myanmar
https://www.facebook.com/UCare-Myanmar-104627861859218
Voice For Justice
https://www.facebook.com/voiceforjusticejapan
We For All
https://www.facebook.com/We-For-All-107916501448448
We Pledge CDM
https://www.facebook.com/WePledgeCDM
Win YM
https://www.facebook.com/winyumaw
Zarmani
နွေဦးရဲ့တွဲလက်များ - Thailand
https://www.facebook.com/1221nwayootawhlanyay
ဗြဟ္မစိုရ်နှလုံးသား ပရဟိတအသင်း(Nagoya)
https://www.facebook.com/profile.php?id=100060907695425
ရုန်းထွက်စို့