close

သရုပ်ပြလေ့ကျင့်

close

March 24, 2022

မြန်မာစစ်ဘေးဒုက္ခသည်များကို ကြိုဆိုနေရာချထားပေးရန် ထိုင်းအာဏာပိုင်များ ကြိုတင်ပြင်ဆင် သရုပ်ပြလေ့ကျင့်

မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်လာတဲ့အခါ စစ်ဘေးရှောင်တွေကို ကူညီသယ်ဆောင် ကြိုဆို နေရာချထားရေး အသင့်ဖြစ်စေဖို့ မတ်လ ၂၄ ရက်က မြဝတီခရိုင် ဝေါလေမြိုင်တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံတာခ်ခရိုင်၊ ဖုတ်ဖမြို့မှာ ထိုင်းစစ်တပ်၊ ရဲ၊ နယ်စပ်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဌာန ဆိုင်ရာအဖွဲ့တွေ ပူးပေါင်း သရုပ်ပြ လေ့ကျင့်နေကြပါတယ်။

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ  KNLA၊ KNDO ပူးပေါင်းတပ်တွေအကြား စစ်ဖြစ်တဲ့အခါ မြန်မာစစ်ဘေးရှောင်ပြည်သူတွေဟာ   မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး  ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလေ့ရှိတာပါ။  

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာပြည်သူတွေကို လုံခြုံတဲ့ နေရာတွေမှာ ကြိုဆိုနေရာချထားပေးမှာ ဖြစ်ပြီး  ကိုဗစ်-၁၉  စစ်ဆေးမှုတွေပြုလုပ်ပြီးမှ ယာယီစစ်ရှောင် စခန်းကို  ပို့ဆောင်မှာလို့ သိရပါတယ်။

မြန်မာဘက်ကမှာ တိုက်ပွဲတွေပြင်းထန်လာပါက ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေကို ကြိုဆိုပြီး တချို့ကိုမော်ကိုးထိုင်းနေရာနဲ့ တချို့စစ်ရှောင်တွေကိုတော့  ဖုတ်ဖမြို့နယ်ရှိ ဝေါလေမြိုင် ဒေသဖွံ့ဖြိုးရေးရေးမှာ ယာယီထားရှိဖို့လည်း ပြင်ဆင်ထားပါတယ်။

မတ် ၂၁ ရက်က ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်  ဝေါလေမြို့နယ်ခွဲရှိ စစ်ကောင်စီတပ််စခန်းကို KNLA  KNDO ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် လက်ရှိမှာ နှစ်ဘက် စစ်ရေးတင်းမာနေပါတယ်။

2 mins Ago
Up