close

သရေရလဒ်

close

September 26, 2021

ဘရန့်ဖို့ဒ်က သရေရလဒ်နှင့် ထိုက်တန်ကြောင်း နည်းပြကလော့ပ်ချီးကျူး

လီဗာပူးအသင်းအနေနဲ့ ဂိုးတွေပိုရသင့်ပေမယ့်လည်း ဘရန့်ဖို့ဒ်အသင်းက သရေရလဒ်နဲ့ထိုက်တန် တဲ့ အသင်းဖြစ်တယ်လို့ နည်းပြကလော့ပ်က ချီးကျူးပါတယ်။ 

တန်းတက်ဘရန့်ဖို့ဒ်အသင်းဟာ အိမ်ကွင်းမှာ လီဗာပူးအသင်းကို အပြိုင်ဂိုးသွင်းပြီး ၃ ဂိုးစီ သရေကစားနိုင်ခဲ့တာပါ။ 

ဘရန့်ဖို့ဒ် အသင်းဟာ တိုက်ရည်ခိုက်ရည်အပြည့်နဲ့ ကစားသွားခဲ့လို့ လေးစားပြီး သရေရလဒ်က ထိုက်တန်မှုရှိကြောင်း၊ လီဗာပူးအသင်းအနေနဲ့ အဝေးဘောတွေမှာ အဆင်မပြေခဲ့ပေမယ့် ဂိုးပိုမိုရရှိသင့်ကြောင်း ကလော့ပ်က ပွဲအပြီးမှာ သုံးသပ်ခဲ့တာပါ။ 

ဆာလာအနေနဲ့ လီဗာပူးသမိုင်းမှာ သွင်းဂိုး ၁ဝဝ ဂိုး အမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်ပေမယ့် အခွင့်အရေး ၂ ကြိမ်လွဲချော်ခဲ့တာကို အဝတ်လဲခန်းထဲမှာ ပြန်လည်တွေးတောနေလိမ့်မယ်လို့ လည်း နည်းပြကလော့ပ်က ပြောပါတယ်။ 

ဘရန့်ဖို့ဒ်နည်းပြ သောမက်စ် ဖရန့်ခ်ကတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်းနဲ့ လီဗာပူးလို အသင်းကို ၃ ဂိုးသွင်းနိုင်တဲ့အသင်းရှိလားဆိုတာ မမှတ်မိကြောင်း ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။ 

4 mins Ago

January 7, 2021

ပွဲဦးထွက် သရေရလဒ်ကို ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနို စိတ်ပျက်

ပီအက်စ်ဂျီနည်းပြဘဝ ပထမဆုံးတာဝန်ယူရတဲ့ ပွဲကို သရေရလဒ်နဲ့ စတင်ခဲ့ရတဲ့ အပေါ် စိတ်ပျက်မိတယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။  မနေ့ညက ပီအက်စ်ဂျီနဲ့ စိန့်အက်တီယန်အသင်းတို့ ကစားခဲ့တဲ့ ပိုချက်တီနိုရဲ့ ပွဲဦးထွက်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီသင်းဟာ ဦးဆောင်ဂိုးပေး လိုက်ရတာဖြစ်ပြီး မွိုက်ကိန်းက ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။  အဲ့ဒီနောက်မှာ နှစ်ဖက်စလုံးဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒီရလဒ်အတိုင်း ပွဲပြီးသွားခဲ့တာဖြစ်ပြီး သရေ ရလဒ်ကြောင့် ပီအက်စ်ဂျီအသင်းဟာ လီဂူးအမှတ်ပေးဇယားရဲ့ ဒုတိယနေရာ ထိပ်ဆုံးက လိုင်ယွန်အသင်းနဲ့ ၃ မှတ်အကွာ အနေအထားကို ရောက်ရှိသွားပါတယ်။  နည်းပြဟောင်း တူချယ်ရဲ့ နေရာကို အစားထိုးဖို့ ပီအက်စ်ဂျီအသင်းက ပိုချက်တီနိုကို စနေနေ့မှာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ ပွဲတွေကို အနိုင်ယူဖို့ လိုအပ်ပြီး ပွဲထွက်ကို အနိုင်နဲ့မဖွင့် လှစ်နိုင်ခဲ့တဲ့အပေါ်စိတ်ပျက်မိတယ်လို့ အာဂျင်တီးနား နည်းပြက ပြောပါတယ်။  “ပီအက်စ်ဂျီအသင်းဖြစ်တာကြောင့် မဖြစ်မနေ အနိုင်ယူရပါမယ်။ ဒီရလဒ်ကြောင့် အနည်းငယ် စိတ်ပျက်မိပါတယ်။ တစ်ဖက်မှာလည်း ကျနော်တို့အတွက် ကြိုတင်ပြင်ဆင်ချိန်က ၃ ရက်သာရှိခဲ့ပါတယ်။ အသင်းမှာ တိုးတက်လာဖို့ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ဒါဟာ ကျနော်တို့ လိုချင်တဲ့ ရလဒ်မဟုတ်ဘူးဆိုရင်တောင် စိန့်အက်တီအန်အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိပါတယ်” လို့ ပိုချက်တီနိုကပြောပါတယ်။ ပိုချက်တီနိုနည်းတူ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုကလည်း နည်းပြသစ်နဲ့ ရက်အနည်းငယ်သာ အလုပ်လုပ်ရသေးတာကြောင့် ဒီရလဒ်ဟာ သူ့အသင်းအတွက် တုန်လှုပ်စရာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ 
9 months Ago
Up