close

သရဲခြောက်

close

November 22, 2021

မအူပင်မြို့ ၌ ရဲများ သရဲခြောက်ခံရသဖြင့် ညစဉ် သေနတ်ပစ်ဖောက်နေဟု ဒေသခံများပြော

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာလ ဒုတိယပတ်လောက်ကစတင်ကာ ညစဉ် ရဲတွေ လှည့်ကင်းထွက်ချိန် သရဲခြောက်ခံရတယ်ဆိုပြီး   သေနတ်ပစ်ဖောက်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

မအူပင်မြို့မှာ ရဲတွေ ညပိုင်းလှည့်ကင်းထွက်ချိန် သရဲအခြောက်ခံရပြီး သေနတ်နဲ့ လိုက်လံပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မကြာသေးခင်က မအူပင်ရဲစခန်းမှာ  ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက်  နှိပ်စက်ခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်းမှာ စစ်ဆေးခဲ့တဲ့ အခန်း၊ ရဲလိုင်းခန်းနဲ့ ရဲတွေ လှည့်ကင်းထွက်တဲ့နေရာတွေကို လိုက်လံခြောက်လှန်တာ တွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

“ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတဦးကို စခန်းခေါ်သွားပြီး နှိပ်စက်ပြီး သတ်လိုက်တာရှိတယ်။ အဲဒီနောက်ပိုင်း သူတို့ ညတိုင်းလိုလို အခြောက်ခံနေရတာ။ သေနတ်တွေနဲ့ လိုက်ပစ်တာ စခန်းပတ်ဝန်းကျင်လည်း ပစ်နေတာ ဘာမှမရှိပေမယ့် အဲလို  ညတိုင်း ပစ်နေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေဆုံးအောင် နှိပ်စက်ခဲ့တဲ့ရဲတွေကို အရေးယူမယ်လို့ တိုင်းရဲတပ်ဖွဲ့ပြောဆိုထားပေမယ့် ကျူးလွန်ခဲ့သူတွေ ခုချိန်ထိ အရေးယူခံရတာ မရှိသေးပါဘူး။

မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုဦးစီးမှူးတယောက်ရဲ့ နေအိမ်မှာ နို၀င်ဘာ ၉ ရက်​​က ရွှေထည်နဲ့ ပိုက်ဆံ ပျောက်ဆုံးမှု​ကြောင့် နေအိမ်မှာ အလုပ်လုပ်တဲ့ စည်ပင်နေ့စားဝန်ထမ်းနဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်သည်တို့ကို ခိုးယူတယ်လို့ စွပ်စွဲကာ ရဲက ဖမ်းဆီးခဲ့​တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဇနီးမောင်နှံကို မအူပင်မြို့မရဲစခန်းက နို၀င်ဘာ ၁၀ ရက်​က တ​နေရာစီခွဲကာ ရိုက်နှက်စစ်ဆေးတာကြောင့် ကိုယ်ဝန်သည် ဇနီးဖြစ်သူဟာ နို၀င်ဘာ ၁၁ ရက်​နေ့က ​သေဆုံး​သွားတာ ဖြစ်ပါတယ်။

8 mins Ago
Up