close

သာဓုကန်စက်မှုဇုန်

close

February 11, 2022

သာဓုကန်စက်မှုဇုန်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီ ၂၀ ခန့်က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မနက်အစောကြီး ၅ နာရီကျော်လောက်က ပေါက်ကွဲသံ ၂ ချက်ကြားရပြီး သာဓုကန်က စစ်တပ်အဖွဲ့ကို လောင်ချာနဲ့ ပစ်တာလို့  ဆိုပါတယ်။

တိုက်ခိုက်မှုကို Area 21 ရဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ Yangon Federal Army - Y.F.A နဲ့ CGF-YGN အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Yagon Federal Army-Y.F.A က ထုတ်ပြန်ထားပါတယ်။

မနက်က ရွှေပြည်သာ သာဓုကန် ဗျူဟာမှူး အိမ်ရာဝန်းကို M 79   40 mm ဗုံးသီးပစ်လောင်ချာနဲ့ ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးနိုင်ပြီး အဆိုပါ စစ်ဆင်ရေးမှာ စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တပိုင်းသာ ဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

သာဓုကန် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး  စစ်ကောင်စီဘက်က သေဆုံး ထိခိုက်မှုအခြေအနေကို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

4 mins Ago
Up