close

သားဖြစ်သူ အသတ်ခံရ

close

October 4, 2021

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟောင်း၏ သားဖြစ်သူ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ငါးတွင်းကြီးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟောင်းရဲ့  သားဖြစ်သူ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ဓားနဲ့ ခုတ်သတ်ခံခဲ့ရပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သားဖြစ်သူ ကျော်ဝင်းဟာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူ တစ်ဦးဖြစ်ပြီး ဒီနေ့မနက် ၈နာရီလောက်က ယာတဲမှာ ဓားနဲ့ ခုတ်သတ်ခံလိုက်ရတာလို့  ဒေသခံတွေက ပြောပါတယ်။

“ကျော်ဝင်းက ဒလန်လို့နာမည်ထွက်နေတာ သူက စစ်ကောင်စီတပ်ကိုသွားပြီး ရွာမှာ ဒေသခံကာကွယ်ရေးတပ်ရှိတယ်လို့ သွားပြောဖူးတယ်။ မနက်က တဲမှာ ဓားဒဏ်ရာတွေနဲ့ သေနေတာ တွေ့တယ် "လို့ဒေသခံတစ်ဦးကပြောပါတယ်။

 စစ်ကိုင်းတိုင်းအခြေစိုက် တောကြီးမြွေဟောက် ခင်ဦး (King Cobra – Khin Oo) အဖွဲ့ကတော့ ကျော်ဝင်းကို သူတို့ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း  ထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာက စစ်ကောင်စီသတင်းပေး ပျူစောထီး တပ်ဖွဲ့ဝင်သုံးဦးကို အောက်တိုဘာ  ၂ ရက်ကလည်း  တောကြီးမြွေဟောက်အဖွဲ့က  သတ်ဖြတ်ခဲ့ပါတယ်။

2 mins Ago
Up