ထိုင်းနိုင်ငံမှာ ဖူးကက်ကျွန်းမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ သားသတ်လွတ်ပွဲတော်ကို ဒီနှစ်မှာ ပြန်လည် ကျင်းပကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက မကျင်းပခဲ့ရတဲ့ သားသတ်လွတ်ပွဲတော်ကို ၉ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒေသခံ တရုတ်အသိုင်းအဝိုင်းထဲက ယုံကြည်သူတွေဟာ ဒီအခမ်းအနားကို နှစ်စဉ်ကျင်းပတာ ဖြစ်ပြီး၊ မီးနင်းပွဲလည်း ပါဝင်ပါတယ်။
တရုတ် ရိုးရာပြက္ခဒိန်ထဲက ၉ လောက်မြောက်တဲ့လမှာ အသားမစား၊ မေထုံမမှီဝဲ၊ အရက်သေစာကို ရှောင်ကြဉ်တဲ့ ဥပုသ်ကို စောင့်ထိန်းခြင်းအားဖြင့် ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်အေးချမ်းမှုလည်း ရစေတယ်လို့ ယုံကြည်ကြပါတယ်။
သောကြာနေ့က အခမ်းအနား စတင်တဲ့အချိန်မှာ ဖူးကက်မြို့အလယ်မှာ ယုံကြည်သူ ရာပေါင်းများစွာဟာ လမ်းတလျှောက်ချီတက်ပြီး တရုတ်ရိုးရာ နတ်တွေကို ပူဇော်ခဲ့ကြပါတယ်။ မင်းကိုးပါးပွဲတော်လို့သိကြတဲ့ ဒီ ရိုးရာ ပွဲတော်ကို ဒီနှစ်မှာ စက်တင်ဘာလ ၂၅ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။