close

သိက္ခာတော်ရဆရာတော်

close

December 5, 2022

ကချင်နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မန္တလေးနိုင်ငံတကာလေဆိပ်မှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်က  စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးစစ်သွားဖို့အတွက် မန္တလေးလေဆိပ်က အထွက်မှာ စစ်ဆေးမေးမြန်းခံရပြီး ထိန်းသိမ်းခေါ်ဆောင်သွားခံရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ 

လက်ရှိအချိန်ထိ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပြီး သူကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးသွားတယ်၊ ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာ လတ်တလော မသိရသေးပါဘူး။

2 mins Ago
Up