close

သိန်းချီသေဆုံး

close

June 15, 2021

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၇ သန်းကျော်၊ သိန်းချီသေဆုံးသည့် နိုင်ငံ ၉ နိုင်ငံရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၇ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်းကျော်၊ ကူးစက်ခံ ရသူ ၃၄သန်းကျော်ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၄ သိန်း ၈ သောင်းကျော်၊ ကူးစက်ခံရသူ ၁၇ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ သိန်း ၇ သောင်းကျော်၊ ကူးစက်ခံရသူ ၂၉ ဒသမ ၅ သန်း ကျော်နဲ့ ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ပီရူး၊ ယူကေ၊ အီတလီ၊ ရုရှားနဲ့ ပြင်သစ် နိုင်ငံ တွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထား ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအ တွက်ကတော့ ၃ ဒသမ ၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစု ပေါင်း ကတော့ ၁၆၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၉၉ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ က ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဂျပန်နဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၅,၈၂၆ ယောက်၊ သေဆုံးသူ ၃,၂၄၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၉၆၉ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ထိပ်တန်းနိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၃,၉၆၈ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သိန်းကျော်နဲ့ သေဆုံးသူ ၁,၄၈၅ ယောက် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၄ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၉,၀၀၀  ကျော်နဲ့ သေဆုံးသူ ၃၆၁ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၅၉ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂,၀၀၀ ကျေိာ်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

1 min Ago

April 15, 2021

ရုရှားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁ သိန်းကျော်လာ၊ ကမ္ဘာတဝန်း သိန်းချီသေဆုံးသည့် နိုင်ငံ ၇ နိုင်ငံရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၂၉ သိန်းကျော် ရှိလာခဲ့ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံ‌ပေါင်း ၇ နိုင်ငံထိ ရှိလာနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁၃၈ ဒသမ ၉ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၁၁၃ ဒသမ ၇ သန်း ကျော် ရှိနေတာပါ။

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အမြင့်ဆုံး နိုင်ငံတွေအနေနဲ့ အမေရိကန်နိုင်ငံက သေဆုံးသူ ၅ သိန်း ၇ သောင်းကျော်၊ ရောဂါကူးစက်ခံရသူ ၃၂ သန်းကျော်၊ ဘရာဇီးနိုင်ငံက သေဆုံးသူ ၃ သိန်း ၆ သောင်းကျော်၊ ရောဂါကူးစက်ခံရသူ ၁၃ ဒသမ ၆ သန်းကျော်၊ မက္ကဆီကိုနိုင်ငံက သေဆုံးသူ ၂ သိန်းကျော်၊ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ သန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ အိန္ဒိယနိုင်ငံက သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်၊ ရောဂါ ကူးစက်ခံရ သူ ၁၄ သန်းကျော်၊ ယူကေနိုင်ငံက သေဆုံးသူ ၁ သိန်း ၂ သောင်းကျော်၊ ရောဂါကူးစက်ခံရသူ ၄ သန်းကျော်၊ အီတလီနိုင်ငံက သေဆုံးသူ ၁ သိန်း ၁ သောင်းကျော်၊ ရောဂါကူးစက်ခံရသူ ၃ ဒသမ ၈ သန်းကျော်၊ ရုရှားနိုင်ငံက သေဆုံးသူ ၁ သိန်းကျော်၊ ရောဂါ ကူးစက်ခံရသူ ၄ ဒသမ ၆ သန်းကျော်စီနဲ့ ရှိနေတာပါ။

ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့ တဲ့ နိုင်ငံပေါင်းကတော့ ၂၄ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော် ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၉၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါ သန်းချီကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အီရတ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေက ရောဂါကူးစက်ခံရသူဦးရေ ၉ သိန်းကျော်စီ၊ အစ္စရေးနိုင်ငံက ၈ သိန်းကျော်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ဦးရေ ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၆၁၀ ယောက်၊ သေဆုံးသူ ၃,၂၀၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၃၁,၈၇၉ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၁,၃၆၃ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းကျော်နဲ့ သေ ဆုံးသူအရေအတွက်အယောက် ၃၀ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃ သောင်း ၇ ထောင်ကျော်နဲ့ သေဆုံးသူ ၉၇ ယောက် ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅,၂၁၈ ယောက်နဲ့ သေဆုံးသူ ၃၆ ယောက်ရှိလာခဲ့ပြီဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၇၃၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃၆ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူး စက်ခံရသူ ၅၃ ယောက် ရှိနေပေမယ့် သေဆုံး လူနာ ခုချိန်ထိ မရှိသေးပါဘူး။

2 months Ago
Up