close

သိရီလင်္ကာဝန်ကြီးချုပ်

close

July 12, 2022

ပါတီစုံအစိုးရဖွဲ့ရေး ကူညီမည်ဟု သိရီလင်္ကာဝန်ကြီးချုပ် ပြော

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်က နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း ပါတီစုံအစိုးရ ဖွဲ့စည်းရေး အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။

ဆန္ဒပြသမားတွေက သမ္မတ အိမ်တော်နဲ့ ဝန်ကြီးချုပ် အိမ်တော်တို့ကို ဝင်စီးပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်နေတဲ့ ဝန်ကြီးချုပ်က ပထမဆုံးမိန့်ခွန်းမှာ အခုလို ပြောလိုက်တာပါ။

ဝန်ကြီးချုပ်ရဲ့ ကိုယ်ပိုင်အိမ်ဟာ ဇူလိုင် ၉ ရက် ညပိုင်းက ဆန္ဒပြသမားတွေရဲ့ မီးရှို့တာပါ ခံခဲ့ရပါတယ်။ 

ဝန်ကြီးချုပ်က ပြည်သူတွေအနေနဲ့ လွှတ်တော်ကို ဖိအားပေးတာချည်း လုပ်နေလို့ မရကြောင်း၊ ပါတီစုံအစိုးရက ကြားဖြတ်အစိုးရ တာဝန်ကို ယူနိုင်အောင်နဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်သွားမယ်လို့ ပြောပါတယ်။
အတိုက်အခံ ခေါင်းဆောင် ဆာဂျက်သ် ပရီမာဒါဆာက အစိုးရအဖွဲ့နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေမှာ ပြည်သူတွေ ပေးထားတဲ့ တရားဝင်မှု မရှိတော့ဘူး၊ အစိုးရသစ်ကို အတိုက်အခံပါတီက ဦးဆောင်ဖွဲ့စည်းဖို့ အသင့်ရှိတယ်လို့ ပြောထားပါတယ်။ 

သီရိလင်္ကာမှာ ဒေါ်လာငွေ ပြတ်တောက်သွားတာကြောင့် နိုင်ငံခြားကနေ ဝယ်ယူရတဲ့ လောင်စာဆီ တွေက မဝယ်နိုင်တော့တဲ့အဆုံး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ ဘက်စ်ကား၊ ရထားတွေ ကမောက်ကမ ဖြစ်နေတာပါ။

47 seconds Ago
Up