close

သီရိမာလာ ရပ်ကွက်

close

November 29, 2021

ရေးမြို့ သီရိမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရ

မွန်ပြည်နယ်  ရေးမြို့ သီရိမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၂၉ ရက်နေ့မနက်က ဗုံးဖောက်ခွဲခံရတယ်လို့  မြို့ခံတဦးက ပြောပါတယ်။

“ဗုံးရဲ့ ပေါက်သံက ကျယ်လောင်တယ်။ လူတွေလည်း ရုံးဘေးမှာ လမ်းသွားလာသူ မရှိပေမဲ့ လူနေအိမ်တွေ ရှိကြတယ်။ ဗုံးသံကြားတော့ စိုးရိမ်ထိတ်လန့်ရတယ်။ ရုံးရဲ့ အဆောက်အဦက ထိခိုက်ပျက်စီးတာတော့ ရှိပါတယ်၊ ရုံးကပိတ်ထားတော့ လူထိခိုက်မှုမရှိဘူး။

ဗုံးပေါက်ကွဲတဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ လုံခြုံရေးရှိတဲ့ မြို့နယ်စုံပေါင်းရုံးနဲ့ ရဲစခန်းရဲ့ အနီးနားမှာရှိတယ်လို့ ဆိုပါတယ်။

အခုလို ဗုံးဖောက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆိုထားခြင်းမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘဏ်မှာလစာငွေ သွားထုတ်သယ်လာတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်ကားကို  PDF တွေက တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ် ဒုတိယရဲမှူးအဆင့် စီးလာတဲ့ကားက ရဲတပ်သား ၁ ဦး ဒဏ်ရာရခဲံပြီး  ယာဉ်မောင်း ၁ ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up