close

သီလရှင်ဆရာလေး

close

July 6, 2021

မြစ်ကြီးနားမြို့ မိုးကုတ်ဓမ္မရိပ်သာကျောင်းက သီလရှင်ဆရာလေးတစ်ပါး ကိုဗစ်ပိုးတွေ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်မှာ သီလရှင်ဝတ်နေတဲ့ သီလရှင်ဆရာလေးတစ်ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သီလရှင် ဆရာလေးဟာ ဇူလိုင်လ ၁ ရက်နေ့က နေမကောင်းဖြစ်ပြီး အနံ့မရတာကြောင့် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ကနေအိမ်မှာ နေထိုင်ဆေးကုသပြီး ဇူလိုင် ၅ ရက်နေ့မှာ ရပ်ကွက်တာဝန်ရှိသူတွေဆီ အကြောင်းကြားပြီး ကျန်းမာရေးစစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက "ဆရာလေးက မိုးကုတ်ဓမ္မရိပ်သာကျောင်းမှာ သီလရှင်ဝတ်တယ်။ ဖျားနေလို့ အိမ်ပြန်သွားပြီး ဆေးစစ်တာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တဲ့အတွက် မိုးကုတ်ဓမ္ဓရိပ်သာကျောင်းတိုက်ကိုလည်း အဝင်အထွက် ကန့်သတ်တာတွေ့ရတယ်။ ဆရာလေး နေအိမ်ကိုလည်း အဝင်အထွက် ကန့်သတ်လိုက်တယ်" လို့ ပြောပါတယ်။

လက်ရှိမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့  ဆရာလေးနေထိုင်ရာ ပမ္မတီးရပ်ကွက်  နေအိမ်အား အသွားအလာကန့်သတ်ကာ မိသားစုဝင်တွေကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးနေပြီး ဆရာလေးကိုတော့ ကျန်းမာရေးဌာနကို ပို့ဆောင်ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်တဲ့ နေအိမ်တွေနဲ့ စားသောက်ဆိုင်တွေကိုလည်း အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

2 mins Ago

December 14, 2019

သီလရှင်ဆရာလေးတပါး အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယို လူကြိုက်များ

သီလရှင်ဆရာလေးတပါးရဲ့ အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယိုတခုဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ လူကြိုက်များနေပါတယ်။ ဒီဗွီဒီယိုကို Koko Ayelay ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်မှာ စတင် တိုက်ရိုက် လွှင့်တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၃ သိန်းခွဲလောက်နဲ့ ပြန်ဝေမျှသူပေါင်း ၂ သောင်းခွဲလောက် ရှိနေပါတယ်။ ဒီဗွီဒီယိုကိုပဲ ဖေ့စ်ဘွတ်ခ်သုံးသူတွေက ပြန်ယူတင်ကြပြီး အဲဒီမှာလည်း ကြည့်ရှုသူတွေ အများအပြားစီ ရှိနေတာကို တွေ့ရပါတယ်။ အသက် ၄ နှစ်လောက်ပဲ ရှိဦးမယ့် ဆရာလေးဟာ ‘ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒ ပြည့်ပါစေ၊ ဆတက်ထမ်းပိုး တိုးပွားပါစေ ..’ လို့ မပီကလာနဲ့ ဆုပေးခဲ့တာကြောင့် အလှူရှင်တွေက သဘောကျပြီး ထပ်ကာထပ်ကာ ဆုပေးဖို့လည်း ပြောခဲ့ပါတယ်။ ဆုပေးအပြီး အလှူရှင်တွေက ဆရာလေးပေးတဲ့ ဆုနဲ့ ပြည့်ပါစေဆိုတဲ့အခါ ‘ဟုတ်ကဲ့ ပြည့်ပါစေ ဘဘ’လို့ ပြန်ပြောတာကြောင့် အလှူရှင်တွေက ပြုံးရွှင်ရယ်မော သဘောကျခဲ့ကြပါတယ်။ ပြီးတော့ စောင့်နေတဲ့ သီလရှင်ဆရာလေးတွေဆီကို ပြန်အသွားမှာ သူ့ဘာသာ သဘောကျပြီး ရယ်လိုက်တာကြောင့်လည်း အလှူရှင်တွေက သူ့ကို ပြန်ခေါ်ပြီး ရယ်ပြခိုင်းရတဲ့အထိ သဘောကျစရာ ဖြစ်နေပါတယ်။ သီလရှင်ဆရာလေးရဲ့ ချစ်စဖွယ် ဟန်ပန်ကြောင့် အလှူရှင်တွေက ထပ်မံပြီး လာရောက်အလှူခံဖို့ ဖိတ်ခေါ်နေကြတာကိုလည်း တွေ့ရပါတယ်။
2 years Ago
Up