close

သုတေသနပြုလုပ်

close

November 28, 2021

CDM ဆရာ၊ ဆရာမများ၏ အခက်အခဲ လိုအပ်ချက်များ သိနိုင်ရန် သုတေသနပြုလုပ်မည်

CDM ဆရာ၊ ဆရာမတွေရဲ့  လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို ပိုမိုသိရှိနိုင်ရန်အတွက် နွေဦးတက္ကသိုလ်ရဲ့ အဆင့်မြင့်ပညာကဏ္ဍက CDM ဆရာ၊ ဆရာမတွေနဲ့ မေးမြန်းဆွေးနွေးကာ သုတေသနပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ သုတေသနမှတဆင့် တွေ့ရှိချက်တွေကို မြန်မာနိုင်ငံရဲ့ ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အသုံးဝင်မယ်လို့ နွေဦးတက္ကသိုလ် တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါကြောင့် နွေဦးတက္ကသိုလ်ရဲ့ ဆွေးနွေးမေးမြန်းမှုမှာ ပါဝင်ပေးနိုင်ဖို့အတွက် CDM ဆရာ၊ ဆရာမတွေကို ဖိတ်ခေါ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ နွေဦးတက္ကသိုလ်ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

CDM ဆရာ ဆရာမတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံးဆိုင်ရာများကိုလည်း နွေဦးတက္ကသိုလ်မှ ကာကွယ်ထိန်းသိမ်းပေးသွားမှာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်ကို ၂၀၂၁ မေလမှာ စတင်တည်ထောင်ခဲ့ပြီး ကြားကာလပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သင်တန်းများဖွင့်လှစ်ကာ သင်ကြားပေးနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကြားကာလပညာရေးကို ပိုမိုပံ့ပိုးပေးနိုင်ဖို့ နွေဦးတက္ကသိုလ်ကနေ စာပေသင်ကြားတာအပြင် CDM ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမတွေနဲ့ တခြားသောဝန်ထမ်းတွေအတွက် အကူအညီများ  ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

12 mins Ago

June 22, 2020

ကိုဗစ်-၁၉  ရောဂါ ကာကွယ်ကုသနိုင်ရန် မြန်မာ့တိုင်းရင်းဆေး ၄ မျိုးကို သုတေသနပြုလုပ်

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ကုသနိုင်အောင် မြန်မာ့တိုင်းရင်းဆေး ၄ မျိုးကို သုတေသန ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဗဟိုကောင်စီကနေ သိရပါတယ်။ တိုင်းရင်ဆေးအမှတ်(၁)၊ (၇)၊ (၂၃)နဲ့ (၂၅)တို့ လေးမျိုးကို ပေါင်းစပ်ပြီးတော့ အဆုတ်ရောဂါနဲ့ အဖျားရောဂါကို တိုက်ဖျက်ကုသနိုင်တာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသပေးဖို့ သုတေသနပြုလုပ်နေတာလို့  မြန်မာနိုင်ငံတိုင်းရင်းဆေး ဗဟိုကောင်စီအဖွဲ့ဝင် သမားတော်ကြီး၊ ဦးဟိဏ်းထက်က ပြောပါတယ်။ ဆေးနံပါတ် (၁) က မက်လင်ချဉ်သီးနဲ့ ဖော်စပ်ထားတဲ့ သလိပ်ပုပ်ပျောက်ဆေးဖြစ်ပြီး ဆေးနံပါတ် (၇) ကတော့ နွယ်ချို၊ စမုံမျိုး ၅ ပါးနဲ့ဖော်စပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးနံပါတ် (၂၃) က လင်းနေမြစ်အပါဝင် (၂၃) မျိုးနဲ့ဖော်စပ်ထားတဲ့ အဖျားရောဂါနဲ့ အကိုက်အခဲပျောက်ကင်းပြီး ဆေးနံပါတ် (၂၅)ကတော့ ပဒဲမြင့်မိုရ်နဲ့ ဖော်စပ်ထားတဲ့ အဖျားရောဂါပျောက်ကင်းဆေး ဖြစ်တယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ ချောင်းဆိုးရောဂါနဲ့ အဖျားရောဂါကို အခြေခံတာကြောင့် ချောင်းဆိုးပျောက်ဆေး ၂ မျိုးနဲ့ ဖျားနာပျောက်ဆေး ၂ မျိုးကို ပေါင်းစပ်ပြီး သုတေသနပြုလုပ်တာဖြစ်ပြီး အခြေအနေကောင်းတယ်လို့ ကြားသိရပါတယ်။ အဲဒီဆေးသာ သုတေသနပြုလုပ်ပြီး အောင်မြင်ခဲ့ရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကုန်ကျစရိတ်သက်သာကာ ပြည်သူလူထုအတွက် အထောက်ပံ့ကောင်းတွေဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီကနေ သိရပါတယ်။ မင်းထီး
1 year Ago
Up