close

သုံ့ပန်းများသေဆုံးမှု

close

July 30, 2022

အကျဉ်းထောင်တိုက်ခိုက်ခံရပြီး သုံ့ပန်းများသေဆုံးမှု ရုရှားနှင့် ယူကရိန်း အပြန်အလှန်စွပ်စွဲ

ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ်နယ်မြေရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ဒါဇင်ပေါင်းများစွာ သေဆုံးမှုဟာ ရုရှားအစိုးရပံ့ပိုးကူညီတဲ့ အကြမ်းဖက်ဝါဒ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ဇူလိုင် ၂၉ ရက်က ပြောပါတယ်။

ဒုံးကျည်တိုက်ခိုက်မှု ဒါမှမဟုတ် ပေါက်ကွဲမှုကြောင့် အကျဉ်းထောင် အဆောက်အအုံ ပျက်စီးသွားခဲ့ရာမှာ ယူကရိန်း စစ်သုံ့ပန်း ဒါဇင်ပေါင်းများစွာသေဆုံးခဲ့တဲ့ ဒီဖြစ်ရပ်ကို မော်စကိုနဲ့ ကိယက်ဗ်တို့က တဖက်နဲ့တဖက် တာဝန်ရှိတယ်လို့ အပြန်အလှန်စွပ်စွဲနေကြတာပါ။

မော်စကို-ကျောထောက်နောက်ခံပြု  ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ ရှေ့တန်းမြို့ အိုလီနိဗ်ကာရှိ အကျဉ်းထောင်မှာ အကျဉ်းသား ၄၀ သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

ခွဲထွက်ရေးသမားတွေရဲ့ ပြောရေးဆိုခွင့်ရှိသူက သေဆုံးသူ ၅၃ ဦးရှိပြီး ကိယက်ဗ်က အကျဉ်းထောင်ကို အမေရိကန်လုပ် HIMARS ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ 

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး ရုရှားဟာ အကျဉ်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုကို ဖုံးကွယ်ဖို့အတွက် ရုရှားအမြောက်တပ်က အကျဉ်းထောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က လူအသေအပျောက်များတဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ ကမ်းလှမ်းထားကြောင်း  ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲဂျိုးစက်ဘော်ရဲယ်ကလည်း ရုရှားစစ်တပ်နဲ့ ယူကရိန်းရှိ သူတို့ကိုယ်စားလှယ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချခဲ့ပါတယ်။ 

8 hours Ago
Up