ဂရိစတုတ္ထတန်းဘောလုံးလိဂ်ပွဲစဉ်တစ်ပွဲမှာ ဂိုးသမားတစ်ဦးက တစ်ပွဲတည်း သုံးဂိုးသွင်းယူနိုင်ခဲ့လို့ နာမည်ကြီးသွားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပွဲစဉ်မှာ ပက်လော့စ်မယ်လက်စ်အသင်းက အသက် ၃၇ နှစ်ရှိ ဂိုးသမားဗက်ဆယ်လီကွန်ဟာ ပြိုင်ဘက် အဲတော့စ် အသင်းကို ပင်နယ်တီတွေကနေတဆင့် အနိုင်ဂိုး ၃ ဂိုးသွင်းယူခဲ့တာပါ။
၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အဲဒီစတုတ္ထတန်း လိဂ်ပွဲစဉ်မှာ ဂိုးသမား ဗက်ဆယ်လီကွန်က ပင်နယ်တီတွေကနေတဆင့် ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။
ပင်နယ်တီသွင်းယူရာမှာ ချဲလ်ဆီးကွင်းလယ် ယော်ဂင်ညိုရဲ့ ကန်သွင်းပုံ နည်းနစ်အတိုင်း သွင်းခဲ့ပြီး ပြိုင်ဘက်ဂိုးသမားက နေရာယူပုံပါ လွဲမှားခဲ့ရပါတယ်။
ပွဲစဉ်တစ်ပွဲမှာ ဂိုးသမားတစ်ဦးက ၃ ဂိုး သွင်းယူနိုင်ခဲ့တာက ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပါရာဂွေး နာမည်ကျော် ဂိုးသမား ချီလာဗက်တစ်ဦးသာ တစ်ပွဲတည်း ၃ ဂိုးသွင်းခဲ့ဖူးပါတယ်။ ဂိုးသမားချီ လာဗက်ဟာ ပင်နယ်တီနဲ့ ဖရီးကစ်ကန်သွင်းမှုတွေကောင်းမွန်ပြီး သူ့ရဲ့ဂိုးသမားဘဝမှာ သွင်းဂိုး ၆၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။