ချင်းစစ်ဘေးရှောင် ပြည်သူတွေအတွက် မယ်စကြဝဠာ မြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထန်တလန်စစ်ဘေးရှောင်ပြည်သူများ အကူအညီပေးရေးကော်မတီက ပြောပါတယ်။
အလှမယ် သူဇာဝင့်လွင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ်စကြဝဠာအလှမယ်အနေနဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာချင်း တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ကာ အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး ဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်ခဲ့ပြီး နေရပ်မပြန်နိုင်ဘဲ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်နဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။
လတ်တလော ဒီလှူဒါန်းမှုကတော့ အလှမယ် သူဇာဝင့်လွင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းမှုဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ဟောလီးဝုဒ်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်မှာ မြန်မာအလှမယ် သူဇာဝင့်လွင်က National Costume နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံဆု ရရှိသွားပါတယ်။
မြန်မာအလှမယ် မူလက ဝတ်ဆင်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ရွှေရောင် အမျိုးသားဝတ်စုံကတော့ ကံမကောင်းစွာနဲ့ပဲ ပျောက်ဆုံးသွားခဲ့ပြီး အချိန်မီရောက်မလာခဲ့တဲ့ အတွက်ရိုးရာ ချင်းတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ရတာပါ။
မြန်မာနိုင်ငံက တောင်ပေါ်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ပုတီးစေ့လေးတွေနဲ့ အရိုးရှင်းဆုံး ရက်လုပ်ဖန်တီးထားတဲ့ ဝတ်စုံကပဲ မြန်မာအလှမယ်ကို ခုလိုဆုရှိစေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။
၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို ဒေသစံတော်ချိန် မေလ ၁၆ ရက်နေ့ ( မြန်မာအချိန်ယနေ့နံနက်) အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ဟောလီးဝုဒ်မှာ ကျင်းပနေတာမှာ National Costume ဆုရသူကို ကြေညာသွားတာဖြစ်ပါတယ်။
Photo Credit- missosology