close

သူနာပြုသင်တန်းကျောင်းသူ

close

September 11, 2022

မန္တလေး သူနာပြုသင်တန်းကျောင်းသူ ၁၈ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀၊ ၁၀၅ လမ်းနဲ့ ၁၀၆ လမ်းကြားရှိ သူနာပြု သင်တန်းကျောင်းမှာ စက်တင်ဘာ ၁၀ ရက်က သင်တန်းသူ ၁၈ ယောက်ဆီမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်မားရေးအဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

သင်တန်းသူတွေ ဖျားပြီး လည်ချောင်းနာတာ ဖြစ်တဲ့အတွက် ကျန်းမာရေးဦးစီးဌာနက သွားရောက်စစ်ဆေးခဲ့ရာ စစ်ဆေးသူ ၁၁၅ ယောက်အနက် ၁၈ ယောက်မှာ Positive အဖြေ ထွက်ရှိခဲ့တာလို့ သိရပါတယ်။

ပိုးတွေ့သူ ၁၈ ယောက်အနက် ၁၆ ယောက်ဟာ ထပ်ဆောင်းဆေး အပါအဝင် ကိုဗစ်-၁၉  ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားသူတွေဖြစ်ပြီး ၂ ယောက်ကတော့ ပထမအကြိမ် ထိုးထားတယ်လို့ ကျန်းမာရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပိုးတွေ့လူနာတွေကို ကန်တော်နဒီဆေးရုံကို တင်ပို့ထားပြီး ကျန်သူတွေကို ကွာရန်တင်း ထား ထား တယ်လို့ သိရပါတယ်။

1 min Ago
Up