close

သူနာပြုဦးစီးမှူး

close

June 24, 2021

ကချင်ပြည်နယ် သူနာပြုဦးစီးမှူး ဖမ်းဆီးခံရ

ကချင်ပြည်နယ် သူနာပြုဦးစီးမှူး ‌ဆရာမကြီး လချိတ်လွမ်းညွယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက   ဇွန် ၂၃ ရက်ညက ချီဖွေမြို့ရှိ နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

CDM ပြုလုပ်ကာ ဆေးခန်းဖွင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိ ချီဖွေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ ဆရာမရဲ့ဖုန်းကိုလည်း သိမ်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ဆရာမကြီးလချိတ်လွမ်းညွယ်ဟာ စစ်ကောင်စီအာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက CDM ပြုလုပ်ကာ ချီဖွေနေအိမ်ရှိ မေတာမွန်ဆေးခန်းမှာ ထိုင်ကာ လူနာတွေကို ကြည့်ပေးနေတာဖြစ်ပါတယ်။

“ဒီတလော ကလေးလာမွေးတာတောင်  ၁၀ ယောက်ကျော်နေပြီ။ အားလုံးကို ဆရာကြီးကပဲ ကြည့်ပေးတာ၊ မွေးပေးတာ။ မြို့ရဲ့ ကျန်းမာရေးရော လူမှုရေးမှာအားထားရတဲ့ ဆရာမကြီးဖြစ်လို့ မြန်မြန်လွှတ်ပေးစေချင်တယ်” လို့  ချီဖွေ ဒေသခံတစ်ဦး ပြောပါတယ်။

ချီဖွေဆေးရုံမှာက CDM မ၀င်တဲ့ဆရာမတွေ တစ်ယောက် နှစ်ယောက်ရှိတယ်။ လူနာတွေ လာရင်လည်း သေချာမကြည့်ပေးဘူး ဆရာ၀န်နဲ့ ပြရမှာကို မခေါ်ပေးဘဲ သူတို့ဘာသာ ဆေးတွေလျှောက်ပေးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

12 hours Ago
Up