close

သူပုန်ထိန်းချုပ်နယ်မြေ

close

February 21, 2022

ယူကရိန်းအရှေ့ဘက် သူပုန်ထိန်းချုပ်နယ်မြေမှာ နေထိုင်သူများ ရုရှားသို့ ထွက်ခွာ

ရုရှားကိုထောက်ခံတဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ဘက် ဒိုးနက်စ်မြို့မှ ဒေသခံ‌တွေ ရာချီပြီး ဖေဖော်ဝါရီ ၂၀ ရက်က  ရုရှားတောင်ပိုင်းကို ထွက်ပြေးကြပါတယ်။

ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေး သူပုန်တွေက စစ်ပွဲအန္တရာယ်ရှိတာကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ ရုရှားတောင်ပိုင်းကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပါတယ်။ 

မနေ့က ဒိုးနက်စ်မီးရထားဘူတာရုံမှာ ရုရှားတောင်ပိုင်း ရိုးစတပ်ဗ်မြို့ကို သွားမယ့်ရထား စောင့်ဆိုင်းနေခဲ့ကြတာပါ။

ခွဲထွက်ရေးသူပုန်တွေက ယူကရိန်းတပ်တွေ တိုက်ခိုက်လာတော့မယ်လို့ အကြောင်းပြပြီး ဒိုးနက်စ်မြို့ရှိ ရုရှားဘာသာစကားပြောတဲ့ လူ ၇ သိန်းလောက်ကို  ရုရှားဘက်ကို မောင်းထုတ်နေတာပါ။

ထွက်ပြေးလာသူတွေက အနီးဆုံးရန်သူဖြစ်တဲ့ ခွဲထွက်ရေးသမားတွေရဲ့ အမိန့်ကို ပိုကြောက်ရတာကြောင့် ရုရှားထဲ ထွက်ပြေးခဲ့တာပါ။ 

57 seconds Ago
Up