close

သူလျှိုမိုးပျံပူးဖောင်း

close

February 9, 2023

တရုတ်သူလျှိုမိုးပျံပူဖောင်း ၄ လုံးအမေရိကန်နိုင်ငံတွင်း ဖြတ်ကျော်ပျံသန်းခဲ့ဟု ပင်တဂွန် ပြော

တရုတ်ရဲ့ သူလျှိုမိုးပျံပူဖောင်း ၄ လုံးဟာ အမေရိကန်နိုင်ငံအတွင်း တရုတ်တို့ စိတ်ဝင်စားမယ့် နေရာတွေကို အရင်ကလည်း ဖြတ်ကျော်ပျံသန်းခဲ့ဖူးတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံထဲက နေရာတွေက စစ်ဘက်နေရာတွေလား၊ ဘယ်လမ်းကြောင်းတွေ ကနေ ပျံသန်းခဲ့တာလဲ စတဲ့ အသေးစိတ် အချက်တွေကိုတော့ ပင်တဂွန်က အကျယ်တဝင့် မပြောခဲ့ပါဘူး။

ဇန်နဝါရီ ၂၈ ရက်က အလာစကာပြည်နယ်ပေါ် ရောက်လာတဲ့ တရုတ်ရဲ့ နောက်ဆုံး မိုးပျံပူဖောင်းကို မထောက်လှမ်းမိခင်မှာ အရင်က အလားတူ ၄ လုံးကို အမေရိကန်အစိုးရက သတိထားမိတယ်လို့ ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက ပြောပါတယ်။

အမေရိကန်စစ်တပ် တိုက်လေယာဉ်က မိုးပျံပူဖောင်းကို  စနေနေ့က တောင်ကာရိုလိုင်းနား ပြည်နယ်ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်ပေါ်မှာ ပစ်ချခဲ့လို့ တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါဟာ အရပ်ဘက် လေသင်္ဘောသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်စစ်တပ်က တရုတ်ရဲ့ မိုးပျံပူဖောင်းကို  ပင်လယ်ထဲကနေ ပြန်ဆယ်ယူပြီး စစ်ဆေးခဲ့တာပါ။ ဒါဟာ အရပ်ဘက်သုံးဖို့ လိုအပ်ချက်အတွက် ဆောက်ထားတာ မဟုတ်ဘူးဆိုတာ ပင်တဂွန်က ရာနှုန်းပြည့် ရှင်းရှင်းလင်းလင်းသိတယ်လို့ ရိုက်ဒါက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

တကယ်လို့ တရုတ်က သူ့ရဲ့ မိုးပျံပူဖောင်းအစီအစဉ်ကို ပြန်အကဲဖြတ်မယ်ဆိုရင် သူက အံ့ဩမှာမဟုတ်ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။

အမေရိကန်ပိုင်နက်ကို ထောက်လှမ်းလို့ စနေနေ့က အမေရိကန်အစိုးရက ပစ်ချလိုက်တဲ့ တရုတ် သူလျှိုမိုးပျံပူဖောင်းနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၄၀ က သံတမန်တွေရှေ့မှာ အမေရိကန်အစိုးရက အမေရိကန်မြို့တော် ဝါရှင်တန်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး ဝမ်ဒီ ရှာမန်ကလည်း သံရုံးပေါင်း ၄၀ က နိုင်ငံခြားသား သံတမန် အယောက် ၁၅၀ နီးပါးကို သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်မိုးပျံပူဖောင်းနဲ့ပတ်သက်တဲ့ အမေရိကန်က ရှာဖွေတွေ့ရှိထားတဲ့ အချက်အလက်တွေကို ပေကျင်းရှိ အမေရိကန်သံရုံးမှာ တနင်္လာနဲ့ အင်္ဂါနေ့တွေက နိုင်ငံခြားသံတမန်တွေကို အမေရိကန်က ချပြခဲ့ပါတယ်။

32 mins Ago
Up