close

သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ

close

January 3, 2022

"သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ကြွေးကြော်သံဖြင့် လွတ်လပ်ရေးနေ့ လှုပ်ရှားမှုပြုလုပ်ရန်နှိုးဆော်

မြန်မာနိုင်ငံမှာ ဖက်ဆစ်စစ်တပ်  အုပ်ချုပ်မှုလက်အောက်ကျရောက်နေတဲ့ မလွတ်လပ်သေးတဲ့ အချိန်ကာလဖြစ်လို့ ဇန်နဝါရီ ၄ ရက် မနက်ဖန် ကျရောက်မယ့် လွတ်လပ်ရေး အထိမ်းအမှတ်ပွဲကို ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါစာသားတွေ ရေးသားကာ စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေချိန် လမ်းမပေါ်နဲ့ အများပြည်သူနေရာတွေမှာ ကြဲချတာ၊ နံရံတွေမှာ  ကပ်ထားတာတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

မလွတ်လပ်သေးတဲ့ အနာဂတ်ပျောက်ဆုံးနေတဲ့ နိုင်ငံတော်အတွင်းမှ လွတ်လပ်လာမယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုလှမ်းမျှော်တဲ့ စာတိုတွေ ရေးသားစုဆောင်းပြီး (၇၄) ကြိမ်မြောက် လွတ်လပ်ရေး လူထုလှုပ်ရှားမှုတွေအဖြစ် မှတ်တမ်းတင်ကာ  သတင်းမီဒီယာတွေကနေ  ပြန်လည်ဖော်ပြပေးသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

43 seconds Ago
Up