ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)က ထုတ်ပြန်တဲ့ နိုင်ငံအလိုက် မိမိကိုယ်ကိုယ် အဆုံးစီရင်နှုန်းထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ တောင်ကိုရီးယားနဲ့ ရုရှားနိုင်ငံတွေ ပါဝင်နေပြီး မြန်မာနိုင်ငံကတော့ အဆင့် ၁၆၅ နေရာမှာ ရပ်တည်နေပါတယ်။
သတ်သေမှုကြောင့် နှစ်စဉ် လူဦးရေ ၈ သိန်းနီးပါး သေဆုံးနေပြီး အဲဒီ ကိန်းဂဏန်းဟာ တနည်း စက္ကန့် ၄၀ တိုင်းမှာ လူ ၁ ဦး သေဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါ တယ်။
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုနှုန်းဟာ ကမ္ဘာ့နေရာဒေသတချို့မှာ မြင့်တက် လာနေခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန် တနိုင်ငံတည်းမှာတင် ၁၉၉၉ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်အတွင်း ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်စဉ် စက်တင်ဘာ ၁၀ ရက်နေ့ကိုတော့ ကမ္ဘာ့သေကြောင်းကြံစည်မှု ကာကွယ် ရေးနေ့အဖြစ် သတ်မှတ်ထားပြီး အခုနှစ် ၂၀၂၁ ခုနှစ်မှာတော့ အာဖရိက ကုန်းပိတ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ လီဆိုသိုနိုင်ငံက လူဦးရေ ၁ သိန်းမှာ ၇၂ ဒသမ ၄ ယောက်နှုန်း သေ ကြောင်းကြံစည်နှုန်းနဲ့ အမြင့်ဆုံး ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဒုတိယနေရာမှာတော့ ဂိုင်ယာနာနိုင်ငံက လူဦးရေ ၁ သိန်းမှာ အ ယောက် ၄၀ ဒသမ ၃ ယောက်နှုန်း၊ အက်စ်ဝါတီနီက ၂၉ ဒသမ ၄ ယောက်နှုန်းနဲ့ ရှိနေပြီး စတုတ္ထနေရာမှာတော့ တောင်ကိုရီးယားနိုင်ငံက ၂၈ ဒသမ ၆ ယောက်နှုန်းနဲ့ ရပ်တည်နေ တာပါ။
ဒါ့အပြင် သေကြောင်းကြံစည်နှုန်း ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲမှာ ရုရှားနိုင်ငံက လည်း အမှတ်စဉ် ၉ နေရာက ပါဝင်နေပြီး လူဦးရေ ၁ သိန်းမှာ ၂၅ ဒသမ ၁ ယောက်နှုန်းနဲ့ ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ လူဦးရေ ၁ သိန်းမှာ ၂ ဒသမ ၉ ယောက်နှုန်းနဲ့ နိုင်ငံပေါင်း ၁၈၀ ကျော်ထဲ အမှတ်စဉ် ၁၆၅ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာအနှံ့ သတ်သေမှုရာခိုင်နှုန်းတော်တော်များများဟာ ဝင်ငွေနည်းတဲ့၊ အလယ် အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိပြီး အာရှနိုင်ငံတွေမှာ မိမိကိုယ်ကို သတ် သေမှုနှုန်းဟာ ပိုများတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတခုက ဆိုထားသလို စိတ်ကျန်း မာရေးဆိုင်ရာ ပညာရှင်တွေကလည်း သေကြောင်းကြံစည်မှု အတော်များများဟာ စိတ် ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ထူးဆန်းစွာပဲ ချွင်းချက်အနေနဲ့ ဉရောပနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံက လူဦးရေ ၁ သိန်းမှာ ၁၈ ဒသမ ၃ ယောက်နှုန်း သေကြောင်းကြံစည်နှုန်းနဲ့ အမှတ်စဉ် ၁၁ နေရာက ပါဝင်နေသလို ဖွံ့ဖြိုးမှုနည်းပါးပြီး စစ်ဘေး၊ ကပ်ဘေးသင့် နိုင်ငံတွေဖြစ်တဲ့ ဂျော်ဒန်၊ ဆီးရီးယားတို့လို နိုင်ငံတွေက သေကြောင်းကြံစည်နှုန်း အနည်းဆုံး နိုင်ငံတွေထဲ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
သေကြောင်းကြံစည်မှုကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဘုံအခြေခံအချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်ပြီး တခြား ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေထဲမှာ ပညာရေးစွမ်းဆောင်ရည်၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ကျန်းမာရေးနှင့်သုခချမ်းသာ၊ စီးပွားရေးရပ်တည်မှု၊ ငွေကြေးအခက်အခဲတွေ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်နဲ့ ဘဝကျေနပ်မှုစတာတွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
Photo- worldpopulationreview.com