close

သေဆုံးခဲ့သူ

close

February 11, 2023

တူရကီငလျင်ကြောင့် သေဆုံးခဲ့သူများအတွက် အင်ဒိုနီးရှားပြည်သူများ ဆုတောင်း

တူရကီနဲ့ ဆီးရီးယား နိုင်ငံတို့မှာ လူအများအပြားသေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် အင်ဒိုနီးရှားနိုင်ငံက မွတ်စလင်တွေဟာ ဖေဖော်ဝါရီ ၁၀ ရက်က မြို့တော်ဂျာကာတာမှာရှိတဲ့ အီစတစ်ကလယ်ဗလီမှာ အပတ်စဉ်ဝတ်ပြုဆုတောင်းမှုအဖြစ် စုစည်းခဲ့ကြပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

တချို့က ဝမ်းနည်းကြောင်း ပြသခဲ့ကြသလို အင်ဒိုနီးရှားအစိုးရကိုလည်း အတတ်နိုင်ဆုံး အကူအညီတွေ အလျင်အမြန်ပို့ဆောင်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေအပြင် ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ ၁ ဖွဲ့ကိုပါ တူရကီနိုင်ငံဆီ ပို့ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ 

ဒီကူညီထောက်ပံ့မှုကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က အဖွဲ့ခွဲတစ်ခု အပါအဝင် စေတနာ့ဝန်ထမ်းတွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တစ်ခု ကလည်း ပူပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ်။ 

တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ပြင်းထန်တဲ့ မြေငလျင်နဲ့အတူ အင်အားပြင်း ငလျင်အသေးတွေပါ ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် ဒီနေ့မနက်အချိန်အထိ လူပေါင်း ၂၄၀၀၀ နီးပါးသေဆုံးခဲ့ရပြီးပါပြီ။ 

ဒါဟာ ၁၉၉၉ ခုနှစ်က တူရကီအနောက်မြောက်ပိုင်းမှာ အလားတူပုံစံ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၇၀၀၀ ကျော် သေဆုံးခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ခေါက်မှာ ပိုမိုဆိုးရွားခဲ့ပါတယ်။

13 mins Ago
Up