close

သေဆုံးမှုနှုန်းလျော့

close

September 18, 2021

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်၊ သေဆုံးမှုနှုန်း လျော့ကျလာ

       အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်းမြင့်တက်နေပေမယ့် သေဆုံးမှုနှုန်းကတော့ လျော့ကျလာခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

       ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ အာဆီယံဒေသတွင်း ၁,၃၄၅ ယောက်ရှိခဲ့ပြီး အရင်နေ့က သေဆုံးမှုစုစုပေါင်း ၁,၄၆၀ ထက် ပိုပြီးတော့ လျော့နည်းလာခဲ့တာပါ။

ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၇၂,၀၇၁ ယောက်နဲ့ အရင်နေ့က ၇၁,၀၀၀ ကျော်ထက် ပိုပြီးတော့ မြင့်တက်လာနေခဲ့တယ်လို့ ဆိုပါတယ်။

       လတ်တလောအချိန်ထိ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁ ဒသမ ၃၃ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၄၉,၇၁၁ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

       ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ အသက် ၆၉ နှစ်အရွယ် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက တတိယအကြိမ် အားဖြည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီး သူက သက်ကြီးရွယ်အိုတွေအနေနဲ့ နိုင်ငံတဝန်း ရောဂါကူးစက်မှုလှိုင်းသစ်မှာ ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

စင်ကာပူအစိုးရအနေနဲ့ အသက် ၆၀ အထက်နိုင်ငံသားတွေအားလုံး သုံးကြိမ်မြောက် အားဖြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကာကွယ်ကြဖို့ အစောပိုင်းကတည်းက ကြေညာထားခဲ့တာပါ။

       တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၃,၈၃၅ ယောက်နဲ့ သေဆုံးသူ ၂၁၉ ယောက်ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၄ ဒသမ ၁၈ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀,၀၀၀ ကျော် ရှိလာပါတယ်။ 

အာဏာပိုင်တွေကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ မြို့တော် ဂျကာတာမှာ နေထိုင်သူတွေကို Pfizer ဒါမှမဟုတ် Moderna ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ကြေညာထား ခဲ့ပြီး အသက် ၁၂ နှစ်နဲ့အထက် ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတော့ Pfizer ကာကွယ်ဆေး၊ အသက် ၁၈ နှစ်နဲ့အထက်တွေကိုတော့ Moderna ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

       လတ်တလောအချိန်ထိ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် ရှိနေပြီး သူ့နောက်မှာ ဗီယက်နမ်နိုင်ငံက ကူးစက်ခံရသူပေါင်း ၆ သိန်းကျော်၊ မြန်မာနိုင်ငံက ၄ သိန်းကျော်စီနဲ့ အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။

4 mins Ago
Up