စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက် ဒီနေ့ မနက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၀၀ ကျော်ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပဇီကြီးကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန် ဒီနက် ၇ နာရီ မိနစ် ၅၀ လောက်က စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး Mi35 စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံ ကိုဖိုးသိမ်းက ဒီဗွီဘီကို ပြောပါတယ်။
“နောက်ဆုံးအခြအနေကတော့ ကျနော်တို့ ဒီကလေးသူငယ်ချည်းပဲကို ၃၀ ကျော်လောက်သေမယ်။ အားလုံးစုစုပေါင်းလိုက်မယ်ဆိုရင် အရပ်သားသေဆုံးမှု ၁၀၀ ကျော်မယ်။ စဖြစ်တာက ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ပလဖ အစည်းအဝေး ရုံးဖွင့်ပွဲလေးပေါ့ဗျာ။ ရုံးဖွင့်ပွဲလေးလုပ်တော့ အကျွေးအမွေးပါတော့ ကလေးတွေရော ကျောင်းသူကျောင်းသားတွေကလည်း ထမင်းစားပြီးတော့မှ ကျောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ထမင်းဝင်စားနေကြတဲ့အချိန် ၇ နာရီ ၅၀ မှာ ဝင်ချသွားတာ။”
အဆိုပါ ပွဲမှာ ကလေးရောလူကြီးပါ အယောက် ၂၀၀ ကျော်လောက်ရှိပြီး သေဆုံးတာ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ရှိမယ်လို့လည်း တက်ကြွလှုပ်ရှားသူ တဦးကပြောပါတယ်။
“ဒီ ၁၀၀ အထက်မှာရှိတယ်။ဒီသေဆုံးတဲ့သူတွေက၊ အဲဒါပြီးတော့မှ ထိခိုက်တဲ့သူက ၅၀ ဝန်းကျင်မှာ ရှိမယ်ပေါ့။”
သေဆုံးသူတွေထဲမှာ ပဇီကြီးကျေးရွာသားတွေသာမက အနီးနားက ကျေးရွာသားတွေလည်း ပါဝင်ကြောင်း လည်း ဒေသခံတွေက ပြောကြားခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေများပြားလွန်းတဲ့အတွက် အရေအတွက် အတိအကျကိုတော့ လတ်တလော မသိရသေးပါဘူး။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်ပြောချင်တာကတာ့ ကလေးသူငယ်နဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်မထားပါနဲ့ပေါ့ဗျာ။ ကျနော်တို့ဖြစ်စေချင်တာကတော့ စစ်မြေပြင်ဖြစ်တဲ့အတွက် တုတ်တုတ်ချင်း၊ ဓားဓားချင်း ခုတ်တဲ့ပုံစံမျိုးပဲဖြစ်စေချင်တာပါ။ အခုလိုမျိုးကြီးကတော့ ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှမကောင်းဘူးပေါ့နော်။ ကျနော်တို့ကို ပစ်သတ်လိုက်တာထက်ကို ပိုဆိုးတယ်” လို့ ပြောပါတယ်။
ဒေသခံရွာသားတဦးကလည်း “ကလေးတွေကော လူကြီးတွေကော အမျိုးသားတွေကော အမျိုးတွေကော ထိခိုက်သေဆုံးတာဗျ။ လက်ရှိအချိန်ထိ ကလေးအလောင်းက ခြောက်လောင်းတွေ့ပြီးပြီ လူကြီးအလောင်းကတော့ နှစ်ဆယ်ကျော်လောက်တွေ့ပြီး ပါပြီ။ လက်ရှိအိမ်တွေကော မီးလောင်နေတယ်ဆိုတော့ အလောင်းအားလုံးမကောက်ရသေးဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကို အကြောင်းမဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
“ကျနော်တို့ရွာမှာ တိုက်ပွဲလည်းမဖြစ်ခဲ့ဘူး။ တိုက်ပွဲလည်းမရှိဘူး။ အကြောင်းမဲ့ ပြည်သူတွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒီလုပ်ရပ်ကို မကျေနပ်ဘူး။ တခြားဒေသကပြည်သူတွေကို ပြောချင်တာကတော့ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် ဘယ်နေရာမှ လုံခြုံမှုမရှိတော့ဘူး။ အမြဲသတိနဲ့ နေကြပါလို့ သတိပေးချင်ပါတယ်” လို့ ရွာခံတစ်ဦးကပြောပါတယ်။
ပဇီကြီးကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လူမဆန်စွာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ပြန်ကြေညာပါတယ်။
“အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မိစ္ဆာတပ်များသည် မြန်မာပြည်တစ်ဝန်းလုံး၌ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ကမ္ဘာ့နိုင် ငံအသီးသီးအနေဖြင့်လည်း မြန်မာအကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်တွင် လူမျိုးတုန်း သတ်ဖြတ်မှုများကို အရှက်တရားကင်းမဲ့စွာ ကျူးလွန်ပြနေမှုအား ထိရောက်သော တားဆီးမှုများပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်” လို့ အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်တဝန်း စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ အားလုံးအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာရှုတ်ကြောင်းလည်း ကြေညာထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ညပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ ကေအိုင်အေ တည်ထောင်ခြင်း ၆၂နှစ်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပနေချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၁၀၀ လောက် ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သားပြည် သူဦး ရေဟာ ၃၂၂၅ ဦးထိရှိလာကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၂၁၂၇၆ ဦးထိရှိလာပြီးတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၀၄၇ ယောက်၊ သေဆုံးသူ ၁၀၉ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၁,၂၇၄ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆ ကိုတော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၆၈၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၀၄၇ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၃၄ ဒသမ ၆၃ ရာခိုင်နှုန်းကျော် ရှိနေတာပါ။
ဒါ့အပြင် လူနာ ၁၀၉ ယောက် ထပ်မံပြီးတော့ စံချိန်တင်သေဆုံးခဲ့တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ ၄,၀၃၆ ယောက် ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးသူအသစ် ၈၉ ယောက် ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၁,၇၀၇ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများ တဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။