close

သေဆုံးသူ ၁၀၄ ဦး

close

February 18, 2022

ဘရာဇီး ရေကြီးမြေပြိုမှု သေဆုံးသူ ၁၀၄ ဦးထိ တိုးလာ

ဘရာဇီးနိုင်ငံ၊ ကိုလိုနီခေတ်မြို့တော်ဟောင်း ပက်ထရိုပိုလစ်မြို့မှာ မိုးကြီး မြေပြိုမှု ဖြစ်ခဲ့ရာကနေ သေဆုံးတဲ့ဦးရေဟာ ၁၀၄ ဦးထိ ရှိလာခဲ့ပြီး နောက်ထပ်တိုးမြင့်လာဖို့ရှိတယ်လို့ အစိုးရက ကြေညာပါတယ်။

ကယ်ဆယ်ရေးသမား ၅၀၀ ကျော်နဲ့ ဒေသခံတွေ ဆွေမျိုးသားချင်းတွေက ပေါက်ပြားတွေ ဂေါ်ပြားတွေနဲ့ အဆောက်အအုံတွေ ရွှံ့နွံတွေအောက်မှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေ ဆဲဖြစ်ပြီး  လက်ရှိ ၃၅ ဦးက ပျောက်ဆုံးနေဆဲပါ။

ဖေဖော်ဝါရီ ၁၅ ရက် တရက်ထဲ မိုးရွာသွန်းမှုက တလလုံးမိုးရွားသွန်းမှုနှုန်းထက် ကျော်လွန်ပြီး နေအိမ်တွေ နစ်မြှုပ်၊ လမ်းတွေ ရေကြီးရေလျှံခဲ့ပါတယ်။ 

ကားကြီး ကားငယ်တွေ အဝေးကိုမျောပါသွားပြီး တောင်စောင်းတွေမှာ ကပ်ချိတ်နေပါတယ်။ လူ ၅၀၀ နီးပါ နေအိမ်တွေ စွန့်ခွာခဲ့ရပြီး စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေကြရပါတယ်။ 

1 min Ago
Up