close

သေဆုံးသူ ၃ ဦး

close

October 4, 2022

ပုသိမ်တွင် တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၃ ဦးထိရှိလာ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အခုရက်ပိုင်းအတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ  သုံးယောက်အထိရှိလာပြီလို့  မနောဖြူလူမှုကူညီရေးအသင်းက ထုတ်ပြန်ပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါကြောင့် အောက်တိုဘာ ၂ ရက်မှာ နှစ်ယောက်နဲ့ အောက်တိုဘာ ၃ ရက်မှာ တယောက် သေဆုံးခဲ့ပြီး စက်တင်ဘာလထဲမှာတော့ သေဆုံးသူ နှစ်ယောက် ရှိခဲ့တယ်လို့ မနောဖြူလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်မြို့ခံ တဦးက “အခုရက်ထဲ ကိုဗစ်ပြန်ဖြစ်တာ၊ ပိုးတွေ့သူများတာတွေ ကြားနေရတယ်။ စက်တင်ဘာထဲမှာဆို မူလတန်းကျောင်းက ဆရာ တယောက် ကိုဗစ် ပိုးတွေ့တယ်။ ကျောင်း  မပိတ်ဘဲ ဖွင့်ထားတာတွေလုပ်တော့ မိဘတွေ စိတ်ပူတာမျိုးတွေ ဖြစ်တယ်။ မနှစ်က ပုသိမ်မှာ ကိုဗစ်ကြောင့် သေဆုံးတာတွေ များခဲ့တယ်"လို့ ပြောပါတယ်။

အောက်တိုဘာ ၃ ရက် ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါပိုး တွေ့သူ  ၂၇ ယောက်အနက် ပုသိမ်မြို့မှာ  ၁၅ ယောက်ရှိတယ်လို့ သိရပါတယ်။ 

Photos မနောဖြူလူမှုကူညီရေးအဖွဲ့

9 mins Ago

December 16, 2019

ဖိလစ်ပိုင်တောင်ပိုင်း ငလျင်ကြောင့် သေဆုံးသူ ၃ ဦးထိရှိလာ

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ဒီဇင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၃ ဦးရှိလာပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။ အဲဒီငလျင်ဟာ ဒီဇင်ဘာ ၁၅ ရက်က မင်ဒါနာအိုကျွန်း ဒါဗာအိုမြို့အနောက်တောင်ပိုင်း   ၃၈ မိုင်အကွာ မြေအောက်အနက် ၁၇ မိုင်ခွဲကို ဗဟိုပြုလှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ အဖွဲ့က တိုင်းတာရရှိပါတယ်။  ငလျင်လှုပ်ခတ်မှုအတွင်း ပါဒါဒါမြို့မှာ သုံးထပ်အဆောက်အအုံတခု ပြိုကျခဲ့ပြီး အပျက်အစီးတွေကြားထဲက အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ မီးသတ်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး South China Morning Post သတင်းဌာနက ဖော်ပြပါတယ်။ ငလျင်ကြောင့် ဆူနာမီရေလှိုင်းအန္တရာယ်တော့ မရှိဘူးလို့ ပစိဖိတ် ဆူနာမီသတိပေးရေး စင်တာက ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်းမြို့နယ်တခုမှာ အဆောက်အအုံ ပြိုကျလို့ ကလေးငယ်တယောက် သေဆုံးခဲ့ပါသေးတယ်။ ငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အအုံ ၃၀၀ ကျော်နဲ့ အစိုးရအဆောက်အအုံ ၈ ခုမှာလည်း အသေးစား ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာ အောက်တိုဘာလနဲ့ နိုဝင်ဘာလက အင်အားပြင်း ငလျင် ၄ ခု လှုပ်ခတ်ခဲ့ပြီး လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။  
3 years Ago
Up