close

သေဆုံးသူ ၄ ဦး

close

February 24, 2022

ပုသိမ်ဆေးရုံကြီး၌ ၇ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၄ ဦးရှိလာ

ဧရာဝတီတိုင်း ပုသိမ်​မြို့ ဆေးရုံကြီးမှာ ကိုဗစ်-၁၉​ကြောင့် ၁ ဦး ​သေဆုံးခဲ့ပြီး ၇ ရက်အတွင်း ​သေဆုံးသူ ၄ ဦးအထိရှိလာပြီ ဖြစ်​ပါတယ်။

ပုသိမ်မြို့ ပုသိမ်ဆေးရုံကြီးမှာ ​ဖေ​ဖော်ဝါရီ ၁၈ ရက်​မှ ၂၄ ရက်​အထိ ကိုဗစ်ရောဂါနဲ့ ​သေဆုံးသူ ၄ ဦး ရှိ​​ကြောင်း ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

"​သေတာ ၄ ​ယောက်ရှိပြီးလို့ ​ကြေညာတယ်။ အသက် ၆၀ ​ကျော်​တွေလို့ကြားတယ်၊ ကျန်တာ တိတိကျကျ ထုတ်ပြန်တာ​တွေ​တော့မရှိဘူး။ မြို့အ၀င်စစ်တာ Mask​ ဝေတာ​တွေ​တော့ လုပ်တယ်" လို့ ပုသိမ်မြို့ခံတစ်ဦးက ဒီဗွီဘီကို​ပြောပါတယ်။

ပုသိမ်မြို့မှာ ​ဖေ​ဖော်ဝါရီ ၉ ရက်​မှ ​ဖေ​ဖော်ဝါရီ ၂၃ ရက်​အထိ ကိုဗစ်ပိုး​တွေ့သူ ၄၅၄ ဦး အထိရှိ​ကြောင်း မြို့နယ်အုပ်ချူပ်​ရေးအဖွဲ့ဆီက သိရှိရပါတယ်။

ပုသိမ်မြို့မှာ တတိယလှိုင်းကာလ ဇူလိုင် ၁ ရက်​မှ ​အောက်တိုဘာ ၃၁ ရက် အထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၄၃ ဦးရှိခဲ့​​ကြောင်း မ​နောဖြူ ပရဟိတအဖွဲ့ဆီက သိရပါတယ်။

55 seconds Ago
Up