close

သေဆုံးသူ ၅ သိန်း

close

June 20, 2021

ဘရာဇီးတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ သိန်းကျော်ရှိလာနိုင်

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူဦးရေဟာ ဇွန် ၁၉ ရက်မှာ အယောက် ၅ သိန်းကျော်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ကာကွယ်ဆေး မထိုးတာနဲ့ အစိုးရက လူချင်းခွာနေရမယ့် သတ်မှတ်ချက်ကို ပြန်ချဖို့ ငြင်းနေတာတွေကြောင့် ဒုတိယမြောက် လူအသေအပျောက် အများဆုံးလှိုင်းက အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

 ဘရာဇီးနိုင်ငံမှာ ပြည်သူ ၁၁ ရာခိုင်နှုန်းသာ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးသေးတာပါ။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာ ဆောင်းရာသီ ရောက်လာနေပြီး ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ အသစ်တွေက ပျံ့နှံ့ ကူးစက်နေလို့ ကာကွယ်ဆေးထိုးတာ အရှိန်ရလာရင်တောင် သေဆုံးသူ အရေအတွက် ဆက်ပြီး တိုးနေနိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာပညာရှင်တွေက သတိပေး ထားပါတယ်။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြု လူနာဦးရေ ၁၇ သန်း ၈သိန်းကျော် ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ  ၄၉၈,၄၉၉  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။

ဒါဟာ တစ်ရက်ကို ပျမ်းမျှ ကူးစက်ခံ သေဆုံးသူ ဦးရေ အယောက် ၂၀၀၀ လောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

12 hours Ago
Up