close

သေဆုံးသူ ၇၂ ဦး

close

October 29, 2022

ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူ ၇၂ ဦး ရှိလာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အပူပိုင်းမုန်တိုင်း Nalgae ကြောင့် သေဆုံးသူ ၇၂ ယောက် ရှိလာပြီလို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်အေဂျင်စီက အောက်တိုဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

မာဂင်ဒနောင်ပြည်နယ်ဟာ သေဆုံးသူ ၆၇ ဦး ရှိပြီး ထိခိုက်မှု အများဆုံး ဖြစ်ပါတယ်။ ဆူလ်တန် ကုဒါရက်ပြည်နယ်မှာ သေဆုံးသူ ၂ ဦး၊ တောင်ပိုင်း ကိုဘာဘာတိုမှာ နောက်ထပ် ၂ ဦးနဲ့ ကျန်တဲ့ သေဆုံးသူတွေကတော့ ဖိလစ်ပိုင်အလယ်ပိုင်း ဗီဆာယာစ်ဒေသတဝန်း ဖြစ်ကြောင်း အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဘနာဒို ရာဖယ်လီတို အလက်ဂျန်ုရို က DZMM ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူ ၃၃ ဦးနဲ့ ပျောက်ဆုံးသူ ၁၄ ဦးရှိတယ်လို့ ဆိုပါတယ်။ 

Nalgae မုန်တိုင်းကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ  အောက်တိုဘာ ၂၈ ရက် မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ရွှံ့နွံထူထပ်တဲ့နေရာတွေကနေ အလောင်းတွေကို ဆွဲထုတ်ခဲ့ပါတယ်။

တစ်နာရီကို အမြင့်ဆုံးလေတိုက်နှုန်း ၉၅ ကီလိုမီတာနဲ့ လေပြင်းတိုက်နှုန်း တစ်နာရီ ၁၆၀ ကီလိုမီတာရှိတဲ့ အပူပိုင်းမုန်တိုင်းဟာ အောက်တိုဘာ ၂၉ ရက်အစောပိုင်းက အရှေ့ပိုင်း ကတန်ဒွနက်စ် ပြည်နယ်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။ 

မုန်တိုင်းဟာ ပင်မ လူဇွန်ကျွန်းကိုဖြတ်ပြီး တောင်တရုတ်ပင်လယ်ဘက်ကို ဦးတည် သွားတာကြောင့် အောက်တိုဘာ ၂၉ ရက်မှာ မြို့တော်ဒေသနဲ့ အနီးနား ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တခါတလေ မိုးအဆက်မပြတ် ရွာသွန်းလိမ့်မယ်လို့ ပြည်နယ် မိုးလေဝသ အေဂျင်စီက သူ့ရဲ့နောက်ဆုံးထုတ် စာစောင်မှာ ဖော်ပြထားပါတယ်။

8 mins Ago
Up